(4.9) Lucus

2.3K 262 11
                                    

Unicode

လူတွေရဲ့အကူအညီတောင်းမှုအရ Lucusကဦးဆောင်ကာ သစ်ပင်တွေပြန်လည်စိုက်ပျိုးဖို့လုပ်ဆောင်ရသည်။

မျိုးစေ့တွေကိုတော့ Leoကထူးထူးဆန်းဆန်းအလကားတွေပေးတာမို့ Lucusအပျော်ကြီးပျော်နေသည်။

မြို့ကိုကာထားတဲ့အကာအရံတွေကိုဖျတ်ဆီးလိုက်ပြီး မြို့ပတ်ပတ်လည်မှာ အပင်တွေစိုက်ဖို့လုပ်ရသည်။

သာဘာ၀ပတ်၀န်ကျင်နဲ့ တောနေသတ္တဝါအကြောင်းတွေကိုတော့ Lucus, Jessicaနဲ့ Co Coတို့ သုံးယောက်က သင်ပြပေးသည်။

သာမာန်လူနေမှုဘ၀ကိုပြန်ရဖို့ဆေးတွေစားဖို့ရာမသင့်တော်တာမို့ မြို့ရဲ့တစ်ဖက်ဆီက တောထဲကနေ စားလို့ရတဲ့တောကောင်လေးတွေကို အမဲလိုက်ကာ ချက်ပြုတ်စားသောက်နည်းအဆင့်ဆင့်ကိုလည်း သင်ပေးရပြန်သည်။

အားလုံးနေသားတကျဖြစ်ဖို့တော့ နှစ်အနည်းငယ်ကြာနိုင်တာမို့ ဖြေးဖြေးမှန်မှန်သာလုပ်ဆောင်မည်ဖြစ်သည်။

Thomasကတော့ လူသတ်မှု၊ ငွေအလွဲသုံးစားမှု၊ လိမ်လည်မှုတို့နဲ့ ထောင်ဒဏ်တစ်သက်တကျွန်းကျခဲ့သည်။
လူသတ်မှုဆိုသည်မှာ လွန်ခဲ့သည့် ၅နှစ်လောက်ကဖြစ်ခဲ့သည့်အမှု ၊ Thomasရဲ့ဖခင်သေဆုံးမှုပဲဖြစ်တယ်...
လူတိုင်းကသွေးရိုးသားရိုးသေဆုံးတယ်လို့ထင်ကြပေမဲ့ ထိုသို့မဟုတ် Thomasကိုယ်တိုင်သူ့ဖခင်ကိုသတ်ခဲ့ခြင်း....

~~~~~~~~~~~~
လွန်ခဲ့သော၅နှစ်ခန့်

"Thomas သားဒီအလုပ်တွေဆက်မလုပ်ပါနဲ့ကွာ...ဖေဖေတောင်းပန်တာပါ...နည်းပညာတိုးတက်တာကောင်းပေမဲ့ သားလုပ်နေတဲ့အလုပ်ကသဘာ၀နဲ့ ဖယ်သွေနေတယ်..."

Thomasဟာ စိတ်ပျက်စွာ စုတ်သပ်လိုက်ရင်း
"ကျစ်...အဖေဘာသိလို့လဲ...အခုဆိုလူတွေကကျွန်တော့်ကိုဘုရားလိုကိုးကွယ်နေကြတာ..ကျွန်တော်ဒီဘ၀ကိုကြိုက်တယ်...ပိုက်‌ဆံရှာရအဆင်ပြေနေတယ်လေ...လူတွေလည်းသဘောကျနေတာပဲကို..."

ပြောရဆိုရခက်နေသည့် သားဖြစ်သူကို ဒေါသအလွန်ထွက်သွားကာ...စိတ်မထိန်းနိုင်တော့ဘဲ မျက်နှာကိုဆွဲထိုးလိုက်သည်။
"မင်းကိုငါပြုစုပျိုးထောင်ခဲ့တာ ဒီလိုလောဘတက်ပြီး ထင်ရာစိုင်းနေဖို့မဟုတ်ဘူးကွ...မင်းဆေးတွေထုတ်ဖို့ လူဘယ်နှစ်ယောက်စတေးခဲ့ပြီးပြီ မင်းစဉ်းစားစမ်း မင်းလုပ်နေတာမှန်လားမှားလားဆိုတာ....မင်းကိုသားတော်ရတာငါသိပ်ရှက်တယ်..."

I Found My Love In  SystemWhere stories live. Discover now