(1.9)ပိုင်တခေတ် final

6.2K 580 70
                                    

ကောင်းမာန်ဟိန်းနဲ့ နှင်းပွင့်ဖြူလည်းရှေ့ကလူကိုမြင်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်နေမိသည်။

"ကိုကြီး....သုတလျှံကဒီလူမှမဟုတ်တာ..."

ကောင်းမာန်ဟိန်းလည်းဒေါသထွက်စွာ ဖမ်းလာတဲ့သူတွေဘက်ကြည့်လိုက်ပြီး...
"မင်းတို့ဘယ်လိုဖြစ်လို့ လူမှားဖမ်းလာတာလဲကွ....ဒါလေးခိုင်းတာစောက်သုံးကိုမကျဘူး..."

"Bo...bossပဲ အင်္ကျီအပြာနဲ့လူကိုဖမ်းဆိုလို့လေ...သူ့ဘေးကအင်္ကျီအဖြူနဲ့လူအလစ်ကိုစောင့်ပြီးမနည်းဖမ်းလာရတာဗျ..."

"မင်း...မင်းတို့ကအာခံနေတယ်ပေါ့..."
ခွပ်!!!
ကောင်းမာန်ဟိန်းဒေါသမထိန်းနိုင်တဲ့အဆုံး မိမိအားပြန်ပြောနေသည့်ကောင်ကိုထိုးပစ်သည်။

ချက်ချင်းပင်အထိုးခံရသူနှင့် ကျန်၂ယောက်မှာ ဒူးထောက်ကာ
"တောင်းပန်ပါတယ်boss....နောက်မဖြစ်စေရပါဘူး...."

နှင်းပွင့်ဖြူလည်း မှားဖမ်းလာတဲ့ကောင်လေးကိုမေးစေ့ကနေ ဆွဲမော့ကာကြည့်လိုက်တော့
"ပိုင်တခေတ်!!"

ကောင်းမာန်ဟိန်းလည်းပိုင်တခေတ်ဆိုတာကြောင့် အလန့်တကြားလည့်ကြည့်လိုက်တော့ အမှန်ကိုပိုင်တခေတ်ပင်...
"Shit....ငါတော့ကျားမြီးပြေးဆွဲမိပြီ....ခွန်းစေရာကိုမယှဉ်နိုင်လို့ ဈာန်မင်းခေတ်နဲ့ပဲ ပြိုင်ဘက်လုပ်နေပါတယ်ဆို...fk..."
(Lol)

နှင်းပွင့်ဖြူလည်းကြံရာမရသည့်အဆုံး....
"ကိုကြီး...ခွန်းစေရာဆိုတော့လည်း ခွန်းစေရာပေါ့...သူဘာတတ်နိုင်မှာလဲ...ပိုင်တခေတ်ကဖြူတို့လက်ထဲမှာလေ...ဟင်း..ဟင်း..."
ပါးစပ်ကသာရီနေပေမဲ့ နှင်းပွင့်ဖြူ ရင်ဘက်ထဲမှာတော့ အကြောက်တရားတို့စိုးမိုးလျှက်...
ကြောက်လည်းကြောက်ချင်စရာ ခွန်းစေရာဆိုသည်မှာ သူ့အားနည်းနည်းတောင်လာကြောတာမကြိုက်သည့်လူမျိုး သူ့ကိုနည်းနည်းကြောတာနဲ့ ၁၀ဆလောက်ပြန်ဒုက္ခပေးတဲ့သူမျိုးပင်...အခုသူ့ချစ်သူကိုမှားဖမ်းလာတာဆိုတော့ အခုထဲကဒီကိုလာတဲ့လမ်းတစ်၀က်မှာရောက်နေလောက်ပြီဖြစ်သည်။
*ငါ့ဘ၀ကလည်း လက်စားမချေရဘဲ ဒီညမှာပဲ အသက်ပျောက်မဲ့သဘောမှာရှိတယ်...shit...*

I Found My Love In  SystemWhere stories live. Discover now