(4.7) Lucus

2.1K 303 10
                                    

Unicode

ဟောပြောပွဲနေ့

တစ်မြို့လုံးရဲ့ ဘုရားသခင်လိုဖြစ်နေတဲ့ Thomasရဲ့ဟောပြောပွဲဖြစ်တာကြောင့် ကလေးလူကြီးအကုန်လာကြသည်။

Lucusတို့လည်း ထိုနေရာကိုရောက်နှင့်နေပြီဖြစ်သည်။
ခနကြာတော့ Thomas ရဲ့ဟောပြောပွဲစပြီမို့ ဆူညံနေတဲ့ လူထုကြီးဟာလည်းတိတ်ဆိတ်သွားကာ Thomasရဲ့ မိန့်ခွန်းကိုစောင့်နေလျက်....

Thomasဟာစင်ပေါ်ကနေ အသစ်ထွင်ထားတဲ့ဆေးအကြောင်းစတင်မိတ်ဆက်လေသည်။ ဆေးအသစ်က energyတိုးဖို့အတွက်အဓိကပြုလုပ်ထားတာဖြစ်ပြီး ဆိုးကျိုးလည်းနည်းကြောင်း ရောက်လာတဲ့လူအားလုံးကိုလည်း ထိုဆေးကိုအခမဲ့ပေးဝေသွားမှာဖြစ်ကြောင်း ပြောလိုက်တော့ လူအားလုံးဟာ သဘောတကျဖြင့်လက်ခုပ်ဩဘာများချီးမြှင့်ကြလေသည်။

Thomasကတော့ လူအားလုံးထောက်ခံကြတာမို့ အကျေနပ်ကြီးကျေနပ်လို့နေတယ်...
*လူတွေကငါ့လက်ခုပ်ထဲကရေပါပဲကွာ...*

အားလုံးတိတ်ဆိတ်သွားတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့အသံကြောင့် Thomasတစ်ယောက် အံ့ဩမှုနဲ့အတူစိတ်ပျက်သွားရသည်။ ထိုအသံကတခြားသူဆီမှမဟုတ် မိမိအကြောင်းအားလုံးနီးပါးသိနေတဲ့ Lucusဆိုသည့်သူပင်...

မထိသင့်တဲ့သူထိလို့ ပညာပေးထားတာတောင် ဒင်းကမဖြုံတဲ့ပုံပင်...အခုဒီပွဲကိုလာရဲတာပဲကြည့်လေ....

Thomasဟာ ဒေါသထွက်နေပေမဲ့ အများရှေ့မှာမို့ အပြုံးမပျက်စေဘဲ...
"ဘာမေးချင်လို့လဲ ကျွန်တော်အကုန်ဖြေပေးပါ့မယ်..."

Lucusလည်း ကိုယ့်ခွင်ထဲရောက်လာပြီမို့ တစ်ချက်ပြုံးလိုက်ကာ
"မေးချင်တာက Mr.Thomasအိမ်တော်မှာ စိုက်ခင်းတွေရှိတာတကယ်ပဲလားဗျ...ကျွန်တော်မသိလို့မေးတာနော်..."

Lucusစကားကြောင့် အထိတ်အလန့်ဖြစ်သွားပေမဲ့ သက်သေမရှိရင် လူတွေမယုံမှာသိနေတာကြောင့်
"ဒီကမေးမြန်းသူအထင်မှားနေပြီထင်တယ်...ဒီလောက်ညစ်ပတ်ပြီး အမှိုက်တွေပဲပေးတဲ့အပင်တွေကို ကျွန်တော်ကဘာလို့စိုက်ရမှာလဲ....ဒီလိုအဓိပ္ပါယ်မရှိတာတွေဆက်မေးနေမယ်ဆိုရင် မေးခွန်းဆက်မေးခွင့်မပြုတော့ပါဘူး..."

I Found My Love In  SystemWhere stories live. Discover now