(2.5)လီရှင်းရန်

5.9K 574 5
                                    

Unicode

စစ်မင် နန်းဆောင်ရောက်တာနဲ့ အသေးလေးကို ကုတင်ပေါ်အသာချလိုက်ပြီး
"စားတော်ပွဲတည်မယ်အထိန်းတော်ကြီး..."

"ကောင်းပါပြီမင်းကြီး..."
အထိန်းတော်ကြီးလည်း မင်းကြီးကို အရိုသေပေးလိုက်ပြီး စားတော်ပွဲအတွက်ညွှန်ကြားရန်နန်းဆောင်ထဲမှထွက်သွားလေသည်။

စစ်မင်လည်းအသေးလေးအနားထိုင်လိုက်ပြီး
"အသေးလေး...စားပြီးမှ ကိုယ်ဆေးထည့်ပေးမယ်နော်..."

"အွန်း..."
ရှင်းရန်လည်း ကိုကို့ကိုအရမ်းလွမ်းနေခဲ့တာမို့ မင်းကြီးရဲ့ပေါင်ပေါ်မှာ ခွထိုင်ကာ ရင်ခွင်ထဲခေါင်းအပ်လျက်တင်းကြပ်စွာဖက်ထားလိုက်သည်။
"ဘယ်လောက်တောင်လွမ်းနေခဲ့လဲသိရဲ့လား...နောက်ဘ၀တွေလည်းလိုက်ခဲ့နော်...ဟင့်."

စစ်မင်အသေးလေးပြောတာကိုတစ်ခုမှနားမလည်ပါ...သို့ပေမဲ့ အသေးလေးငိုနေတော့ရင်ဘက်ထဲမှာတဆစ်ဆစ်နှင့်
"မငိုပါနဲ့ကွာ....ကိုယ်အသေးလေးကိုဘယ်တော့မှမထားခဲ့ဘူး...တိတ်...တိတ်.."

စစ်မင်မှာတော့တအီအီနဲ့ငိုနေတဲ့ခွေးပေါက်လေးကို အငိုတိတ်အောင်ချော့နေရသည်။

ခနကြာမှ စားတော်ပွဲပြင်ဆင်လို့ပြီးပြီမို့ အငိုတိတ်သွားပြီး ရှေ့မှာရှိတဲ့စားစရာတွေကို အားရပါးရစားနေတဲ့အသေးလေးကြောင့် စစ်မင် မသိမသာပြုံးမိသွားပြီး ငါးကိုအရိုးဖယ်ကာ အသေးလေးပန်းကန်ထဲ အသားတွေထည့်ပေးလိုက်ပြီး
"ဖြည်းဖြည်းစားပါအသေးလေးရဲ့...နင်နေပါအုံးမယ်..."

ရှင်းရန်မင်းကြီးကို ရီပြလိုက်ပြီး
"ဟီး..ဟီး..စားကောင်းလို့ပါနော်..."

စစ်မင်ကတော့ အသေးလေးစားတာကိုကြည့်ရင်းနှင့်ပင် ဗိုက်၀နေပြီ‌ဖြစ်သည်။
အသေးလေး ပန်းကန်ထဲကို ဟင်းတွေထည့်ပေးရင်း တစ်စိမ့်စိမ့်သာထိုင်ကြည့်နေလိုက်သည်။

••••••••••••••••••••••••••••••••••••••

တစ်ဖက်တွင်လည်း ဟန်ဖေးယုတစ်ယောက် မိမိရှေ့တွင်မြင်ခဲ့ရတဲ့မြင်ကွင်းကြောင့် ဒေါသထွက်ကာ နှုတ်ခမ်းကိုနာနာဖိကိုက်လျက်

I Found My Love In  SystemWhere stories live. Discover now