(3.5)ဂျန်ထယ်ယန်း

4.1K 422 3
                                    

Unicode

ရှေ့ကလျှောက်လွှာကိုကြည့်ကာ မျက်လုံးလေးဝိုင်းသွားလျက်

ဂျန်ထယ်ယန်း
အသက် (၂၅)
တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ အင်္ဂလိပ်၊ ပြင်သစ်၊ မြန်မာ၊ အိန္ဒိယ၊ ရုရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအိုစကားပြောကျွမ်းကျင်...

ဂျယ်ဆော့တစ်ယောက်လျှောက်လွှာကိုကြည့်ရင်းမယုံကြည်နိုင်စွာ
ဘာသာစကားအမျိုးပေါင်းကို လက်ချိုးရေကြည့်ကာ
"ဝါး....(၁၂)မျိုး..."

ဂျယ်ဆော့မယုံကြည်နိုင်စွာ လျှောက်လွှာနဲ့တွဲထားတဲ့ certificatesတွေကို သေချာစီစစ်ပြီးမှ
ဒီကောင်ကြည့်တော့ စောက်သုံးမကျသလိုနဲ့ ဘာသာစကား(၁၂)မျိုးကို ဘယ်လိုသင်ထားတာပါလိမ့် (၁၂)မျိုးဟင်းချိုသောက်တယ်များထင်နေတာလား...

ဂျယ်ဆော့လည်း မယုံကြည်နိုင်စွာဖြင့်
Samကိုခေါ်လိုက်ကာ
"ဂျယ်ထယ်ယောင်း certificateကအတုလားအစစ်လားစုံစမ်း...ပြီးရင်သူ့အကြောင်းတွေရောပဲစုံစမ်း မနက်ဖြန်အပြီးသိချင်တယ်...."

"ဟုတ်ကဲ့..."
Samလည်း bossကိုအရိုအသေပေးကာ ထိုနေရာမှလှည့်ပြန်လိုက်ပြီး missionထမ်းဆောင်ဖို့ပြင်လိုက်သည်။

ထယ်ယန်းကတော့ အလုပ်လျှောက်လွှာပို့ပြီးတာနဲ့ Leoအ‌တွက်မုန့်တွေရယ် မိမိစားဖို့ ကြက်ကြော်နဲ့ colaအပြင် တော့ပူကီ ငါးအူချောင်းတွေပါ ၀ယ်ကာ အိမ်ပဲပြန်လာလိုက်သည်။

Voiceကတော့ အိမ်စောင့်နတ်နဲ့ဘယ်လိုညှိလိုက်လဲမသိ မိမိအိမ်ကိုသူ့အိမ်အတိုင်းပင်၀င်ထွက်လျက်...
ပြီးတော့ ဘယ်သွားသွားနောက်ကလိုက်ချင်နေတာ
ရေချိုးခန်းအိမ်သာထဲတောင်စွတ်စွတ်၀င်လာတတ်လို့ ထယ်ယန်းငေါက်ထားမှသာ တော်ကာကျသည်။

အခုလည်း Heaven Groupကိုလိုက်ခဲ့ပြီး ပြန်လာထဲကမှိုင်နေတာအခုထိ
လဒမှိုင်မှိုင်နေသလို....‌ဒါပေမဲ့ သူ့ရဲ့ ရုပ်ရည်ရူပကာကတော့ ဘယ်လိုနေနေချောနေဆဲ....သူ့ကြည့်တာငါ့ကိုကိုတောင်သတိရလာပြီ....

"Voice ဘာဖြစ်နေတာလဲ....လာစားငါမင်းစားလို့ရအောင်ဆုတောင်းပေးထားတယ်...."

ထိုအခါမှ ခုံပေါ်မှာ ထိုင်ပြီး မှိုင်နေရာမှ ထလာကာ မိမိမျက်နှာချင်းဆိုင်မှာ၀င်ထိုင်လိုက်ပြီး မျက်မှန်လေးကိုပင့်တင်ကာ မျက်မှန်ဆိုမှ ဟိုနေ့က Mallတစ်ခုသွားရင်း ဆိုင်တစ်ဆိုင်မှာ မျက်မှန်အဝိုင်းလေးကို စိုက်ကြည့်ပြီး ရပ်နေတာကြောင့် သူသဘောကျတယ်ထင်ကာ ၀ယ်ပေးခဲ့ခြင်း....

I Found My Love In  SystemWhere stories live. Discover now