(1.1)ပိုင်တခေတ်

8.8K 766 32
                                    

Unicode

'အား!!!နည်းနည်းနာတာလား
ကွ...leoထွက်ခဲ့စမ်း...'

[ဟဲဟဲ...host...ဒါတောင်ပထမကမ္ဘာမို့လို့ဒီလောက်ပဲနာတာ...အချက်လက်တွေကူးပြောင်းပေးမယ်နော်...ခေါင်းနည်းနည်းမူးမယ်...

စုပြုံပြီး၀င်ရောက်လာတဲ့အချက်လက်တွေကြောင့် ခါလွန့်ခမျာ မေ့လဲလုမတတ်ပင်။

ဒီကမ္ဘာကသာမန်ပင်။ ဇာတ်လိုက်ကဈာန်မင်းခေတ် ဇာတ်လိုက်မကတော့ သုတလျှံ။ ဇာတ်လိုက်က ဒုတိယအင်အားအကြီးဆုံးZ groupရဲ့CEO၊ ဇာတ်လိုက်မကတော့ သာမန်လူတန်းစားဖြစ်ပြီး ရိုးသားဖြူစင်တာကြောင့် ဇာတ်လိုက်ကသဘောကျသွားခြင်းပင်။

ဇာတ်လိုက်နဲ့ဇာတ်လိုက်မက ကျောင်းမှာထဲကတွေ့ပြီး ၅နှစ်လောက်တွဲပြီးမှလက်ထပ်ခဲ့ကြသူတွေ...နှစ်ယောက်သားကအရမ်းချစ်ကြတယ်။ ကြားထဲမှာ နှင်းပွင့်ဖြူဆိုတဲ့ကြာပန်းဖြူမကြောင့် ပြသနာတွေတက်ခဲ့ကြတယ်။ နှင်းပွင့်ဖြူက သုတလျှံကိုကြိုက်လို့ မြန်မာကားတွေလို၀င်နှောက်တယ်။ ဇာတ်လိုက်က ဇာတ်လိုက်မကိုအရမ်းချစ်တာမို့လို့ ကြာပန်းဖြူမရဲ့စနက်ကြောင့် အကြီးအကျယ်အထင်လွဲပြီး ပြသနာအကြီးကျယ်တက်ကြတယ်။

ဒါပေမဲ့နောက်ဆုံး နှင်းပွင့်ဖြူကြောင့်ဆိုတာသိပြီး ကြာပန်းဖြူမအဖေရဲ့ စီးပွားရေးလုပ်ငန်းတွေကိုဖျတ်ဆီးခဲ့ပြီး...လမ်းဘေးရောက်အောင်လုပ်ခဲ့တယ်...။ အဲ့တာကို နှင်းပွင့်ဖြူကမကျေနပ်တော့ ဇာတ်လိုက်မကိုပြန်ပေးဆွဲ လုပ်ကြံခဲ့တယ်...။ နောက်ဆုံးမှာ ဇာတ်လိုက်မကအဲ့ပြန်ပေးဆွဲမှုမှာပဲသေသွားခဲ့တယ်။

ခါလွန်တစ်ယောက်ဇာတ်လမ်းဖတ်ပြီးကာမှ အလန့်တကြားထအော်လေတော့သည်။
"အား!! Wait...what..ငါကကြာပန်းဖြူမတော့မဟုတ်ပါဘူးနော်..."

ခါလွန်လည်း မသင်္ကာတာမို့ မိမိရဲ့ဂွကြားနေရာ စမ်းပြီးတော့မှ စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်။

*ဟင်...အဲ့တာဆိုငါကဘယ်သူ့ထဲရောက်နေတာတုန်းဟ...*

Systemလေးခမျာတော့hostဖြစ်သူရဲ့ အတွေးတွေကိုကြားပြီးသတ်သေချင်စိတ်ပါပေါက်သွားသည်။
[ဇာတ်ကြောင်းကိုဆုံးအောင်ဖတ်ပါhost...]

I Found My Love In  SystemWhere stories live. Discover now