(5.8) Nobless

616 52 7
                                    

Unicode

"Host!  အမတ်ချုပ်ကြီး အိမ်ရှေ့မှာရောက်နေတယ်...ညှိနှုင်းမှုလုပ်ချင်တယ်ပြောတယ် တွေ့မှာလား..."

Leoရဲ့အသိပေးစကားကြောင့် Herryကြောင်သွားရတာအမှန်၊ ဒီလိုအခြေနေရောက်လာလိမ့်မယ်လို့မှန်းထားပေမဲ့ ညှိနှိုင်းမည်ဟုမထင်မိခဲ့...
စစ်ဖြစ်တာထက် ညှိနှိုင်းရင်ဆုံးရှုံးမှုနည်းမည်မို့

"၀င်ခဲ့ခိုင်းလိုက်...ငါစကားပြောကြည့်မယ်..."

၅မိနစ်ခန့်အကြာတွင်တော့ Herryရှေ့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည့်ထိုလူကိုမော့ကြည့်လိုက်မိသည်။

Herryအထက် အမတ်ချုပ်ကြီးဆိုသည်ကြောင့် အသက်ကြီးကြီး နှုတ်ခမ်းမွှေးဖြူဖြူကြီးများနှင့်ဟုထင်ထားသည်ကြောင့် မျက်လုံးလေးများဝိုင်းလျက်ကြည့်နေမိသည်။

Leonဟာ အရမ်းချောသည့်ထဲတွင်တော့မပါပေမဲ့ ယောကျာ်းဆန်မှုများဖြင့် ကြည့်ကောင်းနေတာတော့အမှန်...
ထိုလူရဲ့ တင်းတင်းစေ့ထားသည့် နှုတ်ခမ်းတို့ဟာ ဒီလူဘယ်လောက်ခက်ထန်လဲဆိုတာဖော်ပြနေသယောင်....

အဖြူရောင်ကိုယ်ကြပ်၀တ်ရုံရှည်၀တ်ထားတာကြောင့် ခန္ဓာကိုယ်၏ တောင့်တင်းမှုကိုဖော်ပြနေသယောင်

"ကိုယ်ထိုင်လို့ရမလား..."

ထိုလူရဲ့အမေးကိုကြားမှ Herryလည်း မျက်နှာလွှဲလိုက်ကာ
"Arr... ထိုင်ပါ...ဒါနဲ့ အမတ်ချုပ်ကြီးညှိ နှိုင်းချင်တာက..."

"ကိုယ့်နာမည် Leonပါ...မင်းနာမည်ကရော..."

အမေးတခြားအဖြေတခြားဖြေလာသည့်သူကြောင့် Herry အလိုမကျစွာ မျက်ခုံးတို့ကိုတွန့်ချိုးမိသည်။

"ခင်ဗျားလာရင်းကိစ္စပဲဆွေးနွေးရအောင် အမတ်ချုပ်ကြီး..."

ထိုလူ့ရဲ့ နှုတ်ခမ်းစွန်းနှစ်ဖက်ဟာ သိသိသာသာကော့တက်သွားကာ စိတ်လိုလက်ရပြုံးလာသည်။

"ဟုတ်ပါပြီ...ကိုယ်လာတာက မင်းSpadeကိုသိမ်းချင်နေတယ်ကြားလို့...မင်းရဲ့ရည်ရွယ်ချက်ကိုသိချင်လို့လာခဲ့တာ..."

စကားကိုတည့်ပင်ပြောသည့်ထိုလူကြောင့် Herryတစ်ယောက်မျက်ခုံးပင့်တက်သွားရသည်တော့အမှန်ပင်
"ခင်ဗျားကဒါသိချင်တာလား...ကျုပ်ပြည်သူတွေအတွက်ကောင်းတာလိုလားတာကြောင့်လို့လည်း ‌မပြောချင်ဘူး....ကျွန်တော့်ရဲ့ Personal ကြောင့်အရပါ...ကျုပ်သိမ်းမှကိုဖြစ်မှာမို့လို့...Spadeကိုရရင် Spadeကပြည်သူတွေအတွက်လည်းကောင်းမယ်မှတ်လား ဒါကြောင့်ပါပဲ...."

You've reached the end of published parts.

⏰ Last updated: Oct 02, 2023 ⏰

Add this story to your Library to get notified about new parts!

I Found My Love In  SystemWhere stories live. Discover now