(4.2)Lucus

3.4K 423 21
                                    

Unicode,

'Missions တွေပြော Leo....'

Leoဟာလည်ချောင်းတစ်ချက်ရှင်းလိုက်ကာ
[အဟမ်း...
No.1ဒီကမ္ဘာကိုကယ်တင်ရန်... points 2000
No.2 Co Coကို လူလိမ္မာလေးဖြစ်အောင်စောင့်ရှောက်ရန်... points 500
No.3 ဇာတ်လိုက်မအား Thomasလက်ထဲမှကယ်ထုတ်ရန် points 1000
Side missionsတွေက နောက်ပိုင်းလာပါမယ်....]

Lucusဟာ missionsအားလုံးကိုသဘောပေါက်ပြီမို့
'ကောင်းပြီ...မင်းလည်းနားတော့ ငါအရင်Lucusသိထားတဲ့အချက်အလက်တွေပြန်စစ်လိုက်အုံးမယ်....'

Leoလေးဟာ hostရဲ့စကားအတိုင်း အဲလေ Hostစကားနားထောင်စရာလား
Leoသဘောနဲ့ပဲ outလိုက်တော့သည်။

Lucusဟာ ဒီကမ္ဘာရဲ့ဆိုးကျိုးတွေကိုလေ့လာကြည့်နေတုန်း တံခါး၀ကနေပြူတစ်ပြူတစ်ဖြင့်ချောင်းကြည့်နေသည့် ကလေးငယ်ကြောင့် နှုတ်ခမ်းပါးရဲရဲထက်အပြုံးတို့ဟာဝေဆာလာပြီး

"လာလေ သားသားရဲ့....ဘာလို့ချောင်းကြည့်နေတာလဲ...."

Lucusရဲ့စကားကြောင့် Co Coဟာ သူခိုးလူမိသလိုဖြစ်ကာ အနည်းငယ်လန့်သွားတာကြောင့် လက်လေးနှစ်ဖက်ကို ပွတ်သပ်နေကာ မရဲတရဲဖြင့်

"ဒီ...ဒီည...da...daddyနဲ့ အိပ်ချင်လို့...."

ကလေးငယ်ရဲ့စကားကြောင့် Lucusဟာ အသံထွက်အောင်ရယ်မိလိုက်ကာ

"အိပ်တာများ လာအိပ်ပေါ့သားရဲ့ ကိုယ့်daddy ဆီမှာ အိပ်တာဘယ်သူ့ခွင့်တောင်းစရာလိုလို့လဲ...."

ထိုအခါမှ ကလေးငယ်ဟာမျက်လုံးလေးအရောင်လက်သွားပြီး....
"တကယ်အိပ်လို့ရတယ်ပေါ့ daddyစိတ်မဆိုးဘူးလား.....အရင်ကဆို....."

ကလေးငယ်ဟာ အသံလေးတိုးသွားကာ ငိုမဲ့မဲ့ဖြင့် စကားဆက်မထွက်လာတော့တာကြောင့်

"အရင်က daddyအလုပ်တွေအရမ်းရှုပ်နေတော့ သားသားကိုဂရုစိုက်ဖို့အချိန်မရှိခဲ့ဘူး....အခုတော့ အဲ့အချိန်တွေအတွက်ပါဂရုစိုက်ပေးမယ်...."

ထိုအခါတွင် ကလေးငယ်မှာ မျက်ရည်အဝိုင်းသားနှင့်ခေါင်းတွင်တွင်ငြိမ့်ကာ ပျော်နေပုံရသည်

"အဲ့တာဆို daddyကိုခနစောင့်...ရေအရင်ချိုးလိုက်အုံးမယ်...."

Co Coဟာ daddyစကားကိုခေါင်းသာငြိမ့်ပြလိုက်ပြီး ကုတင်ပေါ်မှာထိုင်စောင့်နေလေသည်။
ပြောင်းလဲသွားတဲ့ daddyရဲ့အပြုအမူတွေကို Co Coတကယ်သဘောကျမိပါသည်။
အရင်လိုတစ်ယောက်ထဲ မဟုတ်တော့ဘဲ အခုdaddyနဲ့အတူအိပ်ရမှာဆိုတော့ ရင်တွေလည်းတုန်နေသည်။

I Found My Love In  SystemWhere stories live. Discover now