(5.3) Nobless

959 127 15
                                    

Unicode

[host....Raizalက ဆက်ပြိုင်ခွင့်မပေးတော့ဘူးတဲ့....ဘယ်လိုဆက်လုပ်မှာလဲ...]

'ဘာလုပ်ရမလဲ....ငါ Side Missions အတွက် pointမရရင်တော့ Raizalဖင်ကို ဆောင့်ကန်ပစ်မယ်....'

[အမယ်...သူလုပ်ရဲတာကျ...Raizalကယ်လို့တောင် ထောင်ကျမဲ့ဘေးကလွတ်လာပြီးတော့....]

'ဟွန့်....ငါသူ့ကိုကယ်ခိုင်းလို့လား...သူ့ဘာသာမနေနိုင်မထိုင်နိုင် ၀င်ပြီးကူညီပါရစေလုပ်တာလေ....'

[Leoလေးကတော့လေ...သူ့ကို ဖြောင်းဖျကြည့်ပေါ့...]

'ခါလွန်တို့က No ပါနော် ဖြောင်းဖြရအောင် သူကငါ့လင်လားဟ....ကိုယ့်ဘာသာကြည့်လုပ်မယ် မင်း၀င်မပါနဲ့....'

[ပီးရောဗျာ...‌နောက်မှ Leoရေ ကယ်ပါအုံးမလုပ်နဲ့....]

Leoလေးဟာ မဲ့ကာရွဲ့ကာဖြင့်... space ထဲကိုသာ ဆောင့်ကြီးအောင့်ကြီးဖြင့်ပြန်သွားလေတော့သည်။

•••••••••••••••

Herryဟာ ပြိုင်ပွဲအကြောင်းသိချင်တာမို့ Raizalကို နေရာအနှံ့လိုက်ရှာလေတော့သည်။

နန်းတော်ကြီးက ကြီးလွန်းတာမို့တော်ရုံနှင့်မတွေ့နိုင်....

မတတ်နိုင်သည့်အဆုံး Leoကို သာအကူညီတောင်းလိုက်ပြီး  Raizal ရှိသည့် နန်းတော် နောက်ဖက်က လူအရောက်နည်းသည့် ဥယျာဉ်ကို တန်းတန်းမတ်မတ်သွားလိုက်သည်။

ဥယျာဉ်ရဲ့ရေကန်ဘေးက ခုံတန်းလျားမှာ ထိုင်နေသည့် Raizalရဲ့အနားသို့ ဖြေညှင်းစွာတိုးကပ်သွားပြီး

"ဘာတွေခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ....Herry"

သူခိုးလူမိသွားသည်မို့ Herryလည်း အရှက်ပြေချောင်းဟန့်လိုက်ကာ

"မေးစရာရှိလို့...."

Raizalရဲ့နှုတ်ခမ်းများဟာ မသိမသာပြုံးသွားကာ

"ပြိုင်ပွဲကိစ္စလား...."

"အင်း...ကျွန်တော့်ကို ပေးပြိုင်ပါ...နိုင်မှဖြစ်မယ်..."

"ဘာအတွက်လဲ...."

အမေးမြန်းထူနေသည့် Raizalကို နောက်ကနေပြေးထုချင်စိတ်တွေတဖွားဖွားပေါ်လာပေမဲ့ ထိန်းချုပ်ကာ

I Found My Love In  SystemWhere stories live. Discover now