(3.11)ဂျန်ထယ်ယန်း

3.5K 375 2
                                    

Unicode
ထယ်ယန်းအိမ်ရောက်တာနဲ့ ရေတောင်မချိုးအား...
Computerရှေ့တန်းထိုင်ကာ ဇာတ်လိုက်နဲ့ပက်သက်သမျှ အကုန်Hackကာ ဘေးက ကိုကို့ကိုလည်းစကားပြောမပြတ်စေရ
"ကိုကို အတိတ်တွေကိုသတိမရသေးဘူးလားဟင်..."

"'သတိရပါတယ် ဒါပေမဲ့အကုန်မဟုတ်ဘူး ကိုတစ်ခုထဲကိုပဲသတိရ‌‌တာ.."'

"ကျွန်တော့်ကိုပြောပြလို့ရမလာကိုကို..."

"'အင်း.."'
ကိုကိုပြောပြမယ်ဆိုတာနဲ့ ထယ်ယန်း လုပ်လက်စတွေကို ရပ်လိုက်ပြီး ဂရုတစိုက်နားထောင်ဖို့ပြင်လိုက်သည်။

လွန်ခဲ့သော(၅)နှစ်, ဒီ‌ဇင်ဘာ(၁၆)ရက်

တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်နေတဲ့အပြင် ရာသီဥတုကလည်း အရမ်းအေးနေတာကြောင့် ဂျယ်ဆော့နိုးလာခဲ့သည်။
ခန္ဓာကိုယ်ကိုလှုပ်ရှားကြည့်တော့လည်း ထိုင်ခုံပေါ်မှာကြိုးတုပ်ခံထားရတာကြောင့် လှုပ်ရှားလို့မရ
ထိုစဉ် အရိပ်လေးတစ်ခုက မိမိဆီတရွေ့ရွေ့လှမ်းလာတာ‌ကြောင့် ဂျယ်ဆော့ မျက်တောင်မခတ်ဘဲသေချာကြည့်နေမိသည်။ တဖြည်းဖြည်းပုံစံပေါ်လာတဲ့အရိပ်လေးကိုကြည့်ပြီး ဂျယ်ဆော့ နှုတ်ခမ်းကနာမ်စားလေးတစ်ခု ဝိုးတိုးဝါးတား ထွက်လာသည်။

"ဟယ်...ဟယ်ဆောင်းလား.."

တစ်ဖက်လူကငြိုးငယ်စွာ ဖြင့် ဂျယ်ဆော့အားကြည့်လာပြီး
"ငါ...ငါတောင်းပန်ပါတယ်ဂျယ်ဆော့..."

ဟယ်ဆောင်းရဲ့စကားကို ဂျယ်ဆော့နားမလည်ပေ...သို့ပေမဲ့
"ဘာကိုတောင်းပန်းနေတာလဲ...နင်ရောအဆင်ပြေရဲ့လား...နင့်ကိုဘာမှမလုပ်ဘူးမှတ်မလား...."

"အင်း...ငါအဆင်ပြေပါတယ်...ငါ့ကိုခွင့်လွှတ်ပေးပါဂျယ်ဆော့...နင့်မိဘ‌
တွေကြောင့်နင်ဒီလိုဖြစ်တယ်လို့ပဲမှတ်လိုက်ပါ...ငါတောင်းပန်ပါတယ်..."

ဂျယ်ဆော့ ဘာကိုမှနားမလည်နိုင်တော့
ငါ့မိဘကြောင့်ဆိုတာဘာလဲ အခု ဟယ်ဆောင်းကဘာကိုဆိုလိုချင်တာလဲ...

"သိပ်မကြောက်နေစမ်းပါနဲ့ ဂင်မျိုး‌နွယ်ရယ်...မင်းမိဘတွေကြောင့် ငါတို့ခံစားခဲ့ရတာမင်းအခုခံစားနေရတာထက်ပိုတယ်ကွ..."

I Found My Love In  SystemWhere stories live. Discover now