(3.13)ဂျန်ထယ်ယန်း final

4.3K 444 22
                                    

Unicode

ထယ်ယန်းရုံးရောက်တော့ ထုံးစံအတိုင်း coffeeချိုချိုတစ်ခွက်ဖျော်ကာ ရုံးခန်းစီသို့

အခန်းထဲရောက်တော့ CEOရှေ့coffeeချပေးလိုက်ကာ...
"CEO....ညနေကျရင် ကျွန်တော့်အိမ်လာပါလား...ထမင်းဖိတ်ကျွေးချင်လို့ ညီကိုတွေလို့သတ်မှရင်လိုက်ခဲ့ပါနော်..."

ရှေ့ကနေ puppy eyesလေးနဲ့ ချစ်စရာကောင်းအောင်တောင်းဆိုနေမှတော့ CEOတစ်ယောက်ငြင်းနိုင်စွမ်းမရှိတော့ပြီမို့ ခေါင်းကိုသာအသာငြိမ့်ပြလိုက်ရတော့သည်။

ထယ်ယန်းလည်းပျော်ရွှင်သွားကာ CEOကိုနှုတ်ဆက်ပြီး ကိုယ့်နေရာကိုယ်ပြန်လာကာ မမဆီအကျိုးအကြောင်း စာပို့ထားလိုက်သည်။

ညနေရောက်သော်.....

ထယ်ယန်းCEOကားနှင့်ပဲပြန်ခဲ့လိုက်သည်။ နောက်ခန်းကနေ မျက်နှာကြီးရှုံ့မဲ့နေတဲ့ကိုကို့ကိုလျစ်လျှူရှုရင်းပေါ့...

အိမ်ရှေ့ရောက်တော့ ဂျယ်ဆော့အံ့ဩသွားပုံပင်...
"ဒါက ယူရာ့အိမ်မဟုတ်လား....ထယ်ယန်းကဒီမှာနေတာလား...."

"ဟုတ်တယ်ဗျ....ယူရာကကျွန်တော့်မမပါ....လာပါဗျာ...အထဲ၀င်ရအောင်...."

ဂျယ်ဆော့ စိတ်ထဲလေးလံလာသည်....
ထယ်ယန်းကဘာမှမဟုတ်သလိုပြောနေပေမဲ့ သူတစ်ခုခုကိုသိထားသလိုပင်....

ယူရာကတော့ ဟယ်ဆောင်းလာမယ်ဆိုထဲက သူကြိုက်တတ်တဲ့ဟင်းတွေပြင်ဆင်ပြီးစောင့်နေလေသည်။
တကယ့်တကယ် ဟယ်ဆောင်းကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ ယူရာတစ်ယောက် စကားပြောဖို့နေနေသာသာ ရှက်၍ပင်နေတော့‌သည်။

ဟယ်ဆောင်းနဲ့ မတွေ့ရတာ ၄နှစ်ပင်ရှိတော့မည်....မောင်လေးaccidentဖြစ်တုန်းက သူကူညီလို့သာ ဆေးရုံစရိတ်ရနေခြင်း....
ဟယ်ဆောင်းက ရဲ့လျှို့ဝှက်ချက်ကို ယူရာကသိနေတာကြောင့်ရယ် အမြဲတွေ့ဖို့မသင့်တာရယ်ကြောင့် ကြားထဲမတွေ့ကြတာပင် နှစ်အတော်ကြာနေလေပြီ.....

ထမင်းစားသောက်ပြီး ဂျယ်ဆော့ကို အပေါ်ထပ်ခေါ်ဖို့ ကို မမအားမနည်းလျှောက်တင်လိုက်ရသည်။ နောက်ဆုံး ဂျယ်ဆော့ကလည်း လိုက်မယ်ပြောမှသာ မမကခွင့်ပြုခြင်း....

I Found My Love In  SystemWhere stories live. Discover now