(3.6)ဂျန်ထယ်ယန်း

4K 437 29
                                    

Unicode

'Leo....ဘာမြင်ခဲ့လဲ.'

အိမ်ပေါ်ရောက်တာနဲ့တန်းမေးလာတဲ့Hostကိုမျက်စောင်းထိုးလိုက်ပြီး
[ပြောမှာပေါ့...လော‌လိုက်တာ..ဟွန့်]

'ငါ့ချစ်သူကိုမတွေ့သေးဘူးဟ လောရမယ်...လွမ်းနေပြီ...'

ငိုမဲ့မဲ့ပြောလာတဲ့ Hostကိုအရင်ကဆိုသနားမိမှာမှန်ပေမဲ့ အခုတော့သူ့‌အကြောင်းသိနေပြီမဟုတ်လား သူ့ဘဲကြီးပေါ်လာရင် Leoတို့ကအလိုလိုဘေးရောက်မှာ Leoလည်း ချစ်သူရှာမှပါလေ

[ဇာတ်လိုက်က ဒီနေရာကိုလာကြည့်ရုံတင်...ပြီးတော့ တောင်းပန်ပါတယ်ဆိုတဲ့စကားကိုထပ်ခါထပ်ခါပြောနေတယ်...ဘာလို့လဲမသိဘူးနော်...မဟုတ်မှလွဲ ဇာတ်လိုက်မကိုသူဘာလုပ်ပစ်လဲပဲနော် Host....]

Leoရဲ့အဖြေကိုနားထောင်ပြီးနောက် ထယ်ယန်းခေါင်းတွေမူးနေလေပြီ😑

'ကျစ်...ဘာတွေလဲကွာ... Voiceကလည်းအဲ့အဆောက်အဦး နားရောက်တော့ တစ်ခုခုမှတ်မိသလိုနဲ့... ပြန်ပေးဆွဲမှုနဲ့ တစ်ခုခုပက်သက်နေမယ်ထင်တယ်...Leo voiceအကြောင်းက တကယ်စုံစမ်းလို့မရဘူးလား...'

Leoလည်းသက်ပြင်းသဲ့သဲ့ချလိုက်ပြီး
[မရလို့ပေါ့Hostရဲ့ သူ့အကြောင်းက တစ်ခုမှအစအနရှာမရဘူး...]

'အင်းပါ...‌ဇာတ်လိုက်ဘာလုပ်နေလဲဆိုတာတစ်ချက်စောင့်ကြည့်ပေးနော်...'

[Yes Sir]

Leoထွက်သွားတာနဲ့ ဟိုနေ့ကHackထားတဲ့ Filesတွေပြန်စစ်ကြည့်လိုက်သည်။ လွန်ခဲ့တဲ့(၅)နှစ်က အမှုဖြစ်တာကြောင့် အချက်လက်တွေရှာရတာတော့သိပ်မလွယ်ကူချေ...

Filesတော်တော်များများက Heavenရဲ့ လုပ်ငန်း projectsတွေ
ထယ်ယန်းတော့အဲ့တာတွေစိတ်မ၀င်စားပါ...
Filesတွေစစ်ရင်းတစ်နေရာအရောက်

Heaven Group ရဲ့မြေးက ‌ပြန်ပေးဆွဲခံရစဉ် accidentတစ်ခုဖြစ်ခဲ့တာကြောင့် မျက်နှာ surgery လုပ်ခဲ့ရသည်

"အဲ့တာမို့လို့ ရုပ်မတူတာနေမယ်...နောက်ပြီး ဇာတ်လိုက် အတိတ်မေ့နေတာဆို ဘာလို့ပြန်ပေးဆွဲခံရတဲ့နေရာကိုလာတာလဲ...ရှုပ်လိုက်တာကွာ..."

ထယ်ယန်းစိတ်ရှုပ်စွာခေါင်းကို ဖွပစ်လိုက်ပြီး computerကိုပိတ်လိုက်ကာ
"တစ်ခုခုတော့ရှိနေတယ်...ဘာလဲဆိုတာမသိတာပဲ... Voiceသာသတိပြန်ရရင်ကောင်းမှာပဲ..."

I Found My Love In  SystemWhere stories live. Discover now