(1.7)ပိုင်တခေတ်

6K 603 25
                                    

Unicode

တခေတ်တစ်ယောက်ဘုမသိဘမသိနှင့် ခွန်းစေရာကြီးနဲ့ချစ်သူတော်ခဲ့ရပြီး သူ့အိမ်ပေါ်လိုက်နေခဲ့ရသည်။ ခွန်းစေရာနဲ့နေရတာတစ်ခုတော့ကောင်းသည် အစားအသောက်အတွက်မပူရပေ...
ဒီနေ့နဲ့ဆို ခွန်းစေရာအိမ်မှာရောက်နေတာ(၃)ရက်ရှိပြီဖြစ်သည်။ Leoစုတ်ကလည်းအခုထိပြန်မလာသေး။ companyကလည်း ခွန်းစေရာနဲ့ပူးပေါင်းလိုက်ပြီးတဲ့နောက် တခေတ်တို့ရုံးတက်စရာမလိုတော့ပေ။

[ကျွန်တော်ပြန်လာပါပြီ Host...]

တခေတ်တစ်ယောက် ခွန်းစေရာလုပ်ပေးခဲ့တဲ့ cakeစားနေတုန်း ကြားလိုက်ရတဲ့ အသံကြီးကြောင့် လန့်ကာ ဇွန်းပင်ပြုတ်ကျသွားရသည်။

[လန့်တာကွာ....ပြန်လာသေးတယ်နော်...ငါကသေပြီထင်တာ...]

ရောက်ရောက်ချင်း ကြားလိုက်ရတဲ့hostအစုတ်ရဲ့စကားကြောင့် ရင်ဘက်ထဲမြားအစင်း(1000)လောက်အစိုက်ခံရသလိုပင်
[ပြောရက်လိုက်တာနော်....ဒီကသတင်းပေးမလို့ဟာ...မပေးတော့ဘူးပြန်တော့မယ်...]

"နေအုံးလေ leoလေးကလည်း ပြောပြပါနော်...မုန့်တွေအများကြီး၀ယ်ကျွေးမယ်လေ..."
တခေတ်ခမျာတော့ သတင်းရဖို့‌အရေး စိတ်ကောက်သွားတဲ့ Leoလေးကိုပြန်ချော့နေရသည်။

မုန့်၀ယ်ကျွေးမယ်ဆိုတဲ့စကားကြောင့် Leoလေးစိတ်လျော့လိုက်ပြီး
[ဟွန့်....ကတိတည်ပါစေ...ကြာပန်းဖြူမက လာမဲ့ Z Groupရဲ့ နှစ်ပတ်လည် partyပွဲကျရင် ဇာတ်လိုက်မကိုလုပ်ကြံလိမ့်မယ်...အဲ့နေ့ကျရင် ဇာတ်လိုက်မကို ရအောင်ကာကွယ်ပါ...ဒါနဲ့မုန့်၀ယ်ရင် dynamite သကြားလုံးပို၀ယ်ပေးပါ အဲ့ဟာကပိုရောင်းရတယ်...စီနီယာsystemတော်တော်များများက အဲ့ဟာအစားများကြလို့...]

]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
I Found My Love In  SystemWhere stories live. Discover now