(2.10)လီရှင်းရန်

5K 525 20
                                    

Unicode

"ကောင်းပြီလေ.."

လီဟန်ရှင်း လည်ပင်းပေါ်ကဓားမရှိတော့တာနဲ့ နောက်ကသူဘက်ကိုလှည့်လိုက်တော့ မြင်ရတဲ့သူကြောင့် အံ့ဩကာဖြင့်

"မင်း...ထန်ကျန်းရိ..."

ကျန်းရိလည်း ဟက်ခနဲတစ်ချက်ရီလိုက်ပြီး
"ဘယ်လိုလဲ...အံ့ဩသွားလား...ဆွေးနွေးကြမယ်ဆို...မင်းသားအသက်နဲ့ ကျွန်တော်မြင်သမျှကိုလဲရင်ရော လီ ဟန် ရှင်း.."

ထန်ကျန်းရိစကားက လီဟန်ရှင်းကိုအလွန်ဒေါသထွက်သွားစေတာကြောင့်
ဘာမှမစဉ်းစားတော့ ဘဲ လီဟန်ရှင်းတစ်ယောက်ဓားကိုထုတ်ကာ ထန်ကျန်းရိကို အားနဲ့လွှဲခုတ်လိုက်သည်။

ကျန်းရိလည်း လီဟန်ရှင်းရဲ့အကြံကိုသိတာကြောင့် ဘေးကိုအသာရှောင်လိုက်ကာ လှောင်ပြောင်သရော် လိုက်သည်။

"ရော်...ဒေါသလေးလျော့လေ...မေးတာဖြေရင်မင်းသားကို မသတ်ဖို့တော့အာမခံတယ်..."

ဟန်ရှင်းလည်း လှောင်ရယ်နေသည့် ထန်ကျန်းရိကို အကြည့်စူးစူးနဲ့စိုက်ကြည့်နေပြီး ဘာစကားမှမပြောပေ...

ကျန်းရိ လီဟန်ရှင်းကိုကြည့်ပြီးစကားဆက်လိုက်သည်။
"မင်းသားဘာလို့ ရှင်းရန်ကိုဒီလိုလုပ်တာလဲ..."

"ငါကဘာလို့ပြောပြရမှာလဲ..."
ဟန်ရှင်း လည်း ဓားကိုအသင့်ပြင်လိုက်ပြီး ကျန်းရိကိုစတင်တိုက်ခိုက်ဖို့ အသင့်အနေထားရပ်လိုက်သည်။

ကျန်းရိလည်း တိုက်ခိုက်ဖို့သာစိတ်၀င်စားနေတဲ့သူကိုဆက်မပြောချင်တော့တာကြောင့်
"ကောင်းပြီလေ မင်းသားကတိုက်ခိုက်ဖို့ရွေးမှတော့ ကျွန်တော်ကလည်းပါရမီဖြည့်ပေးရတာပေါ့..."

ကျန်းရိလည်း ဓားကိုအသင့်အနေထားကိုင်ကာ စတင်တိုက်ခိုက်ခိုက်သည်။
ကျန်းရိရဲ့ဓားချက်ကို ဟန်ရှင်းက မိမိဓားနဲ့ကာလိုက်ပြီး နောက်ကိုတွန်းထုတ်လိုက်သည်။

ကျန်းရိကခြေနှစ်လှမ်းလောက်ရွေ့သွားတာကိုအခွင့်ကောင်းယူကာ ဟန်ရှင်းက အရှိန်နဲ့ ထျန်းရိကိုဓားဖြင့်ပြေးထိုးသည်။
ရုတ်တရက်၀င်လာတာကြောင့် ထျန်းရိလည်း အမြန်ဘေးသို့ရှောင်လိုက်ကာ နောက်ကျောကို ဓားဖြင့်ခုတ်လိုက်သည်။

I Found My Love In  SystemWhere stories live. Discover now