1.အတူနေရန် အစပြုခြင်း

7.9K 162 1
                                    


🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်💛
                         
                                  အပိုင်း(၁)

"တူ တူ တူ ......ကျစ် ဖုန်းကိုင်ပါတော့ဘုန်းရယ် "

ညီးညူသံနှင့်အတူထွက်ပေါ်လာသော ကောင်မလေးတစ်ယောက်၏အသံစာ လေး။အထုပ်တွေကားပေါ်ကချပြီး လာကြိုမယ့်သူမရှိသေး၍ တစ်ကြောင်း၊ချောမောလှပသောမိန်းကလေးတစ်ယာက်တည်းအထုပ်ပေါင်းများစွာဖြင့် ဖုန်းတစ်လုံးကိုင်ကာ အလုပ်ရှုပ်နေသည့်မြင်ကွင်းကြောင့် ဖြတ်သွားသမျှလူတိုင်းကလည်းလည်ပြန်ကြည့်သွားကြသလို၊ယာဉ်မောင်းသမားများကလည်းအုံစ ပြုနေပြီ။

'ဘုန်းစုတ် လာလို့ကတော့တွေ့မယ် လူယုတ်မာလေး သူများကိုအကြာကြီးစောင့်ခိုင်းတယ်' 

တွေးလည်းတွေး စိတ်ထဲမှလည်း ကျိန်ဆဲနေမိသည်။ ကြောက်တတ်သောသူမဟုတ်သော်လည်း စိတ်ထဲတွင် ဝမ်းနည်းသလိုလို တမျိုးမျိုးတော့ခံစားနေရပါပြီ။မျက်နှာလေးလည်း ကားပေါ်ကဆင်းတုန်းကကဲ့သို့မဟုတ်တော့ဘဲ အနည်းငယ် ပျက်စပြုနေပေပြီ။ဒီကြားထဲရှေ့မှာလည်းလူ၃ ၄ ၅ ရောက်က

"ဒီကညီမလေး ဘယ်လည်း အကိုလိုက်ပို့ပေးမယ် လူတစ်ယောက်စာဖိုးပဲရှင်းရမှာနော် ညီမပစ္စည်းတွေကများပေမယ့် အကိုအလကားတင်ပေးမယ် ၅၀၀၀ ပဲပေးညီမ"

"ရပါတယ် သာ့ကို လာကြိုမယ့်သူရှိပါတယ်"

"ဟာ ညီမဒီရောက်နေတာကြာပြီ အခုထိမလာသေးဘဲ လာပါ ကူညီပါရစေ"

"ရပါတယ်ရှင်"

"မမ ကျွန်တော်ဘာကူညီပေးရမလဲ ကားငှားမလား ဘယ်သွားချင်လည်း ကျွန်တော်တို့ကားအားတယ်မမ
မမကြိုက်တယ့်ဈေးပြောလိုက်"

"ရပါတယ် သာ့ကိုလာကြိုမယ့်သူရှိလို့ပါ"

ကိုယ့်မှာအတင်းသာငြင်းထုတ်နေတယ် ကိုယ်တော်ချောက ပေါ်မလာသေး။ဒါကတော့ သာယဉ်ကျေး ပါပဲလေ။စိတ်ထဲကတော့ ဘုန်းကိုကျိန်ဆဲနေမိတာ သိပ်လည်းမကျိန်ဆဲရဲဘူး တော်ကြာ လာမကြိုနိုင်ဖြစ်မှာလည်းစိုးရသည်။

"ဝူး ဝူး ..........ကျွီ"

"ဟင် "

တုန့်ခနဲရပ်လာတယ့် ဆိုင်ကယ်ကြီးဆီအကြည့်ရောက်မှ ကိုယ်တော်ချော ဘုန်း၊ဘုန်းလက်ျာ။ကြည့်ပါဉီး ကိုယ့်မှာတော့အထုပ်တွေအများကြီးနဲ့သူက လာကြိုတော့လည်းဆိုင်ကယ်နဲ့တယ့် စိတ်လည်းတိုရီလည်းရီချင်မိသွားသည်။

A mysterious love story (Completed)حيث تعيش القصص. اكتشف الآن