28.အီစီကလီကြီးနဲ့တူနေတယ်

891 49 1
                                    

သာနောက်နေ့ အိပ်ရာထတော့ ကိုသြရှရဲ့စတင်ပိုးပန်းမှုကိုခံလိုက်ရသည်။

သူက လူရည်မွန် လူကောင်းတစ်ယောက်ဖြစ်တာကြောင့် သာ့ကို လက်ရဲဇက်ရဲ လုံးဝမရှိတာ တကယ်လေးစားစရာပင်။မနက်ဆို သာ့အိမ်ရှေ့မှာ လာစောင့်နေတတ်ပြီး ညနေဆိုသာ့ရုံးရှေ့မှာရှိတတ်သည်။ တရားဝင်ပိုးပန်းခွင့်ရထားတယ့်သူတစ်ယောက်မို့ အထူးတလည် လူသိမခံစရာလည်းမလိုပေ။
သာ့မှာတော့ ရုံးစည်းကမ်းနဲ့ညှိမှာစိုးနေတာပင်။
သူ့ကိုပြောပြတော့ ရယ်မောကာ

"အူကြောင်ကြောင်စည်းကမ်းကြီး ဒါ့ကြောင့် အဟက်"

သာက
"ဒါ့ကြောင့် ဘာဖြစ်"

သူက ဘာမှမဟုတ်ဘူးဟုဆိုကာ ပြီးတော့

"ကျေးကလည်း ကိုယ်က မင်းဆီလက်ဆောင်တွေပို့နေတာလည်းမဟုတ်ဘူး သိပ်မတွေးပူပါနဲ့ ပြီးတော့ပို့ခဲ့ရင်တောင်ဘာမှမဖြစ်ပါဘူး "

ဟူ၍ပြောတတ်သည်။

သူကလည်းအလုပ်နဲ့ဖြစ်တာကြောင့် သာ့နဲ့အချိန်တိုင်းမတွေ့နိုင်ပေ။တစ်ပါတ်ရဲ့Weekendတွေဖြစ်တယ့်ရုံးပိတ်ရက်မှာတော့ သူကdateလုပ်ပေးဖို့တောင်းဆိုတတ်သည်။ မကြာခင်သာ့ရဲ့ ၂၅နှစ်ပြည့်မွေးနေ့ကလည်းရောက်တော့မည်လေ။သူ့ကိုအဖြေပြန်ပေးရမယ့်ရက်ကလည်းနီးလာပြီဖြစ်သည်။ သာပြုံးမိသည် ငယ်ငယ်က အရူးထပြီး ၂၅နှစ်ကျော်မှရည်းစားထားမည်ဆိုတာကြီးက အူကြောင်ကြောင်နဲ့ပြည့်တော့မှာပါလားပေါ့။ဒါမယ့်လည်းတွေးပြီးပြီးချင်းသာဟာမျက်နှာများပင်ရဲတက်လာရသည်။သူမအခု စိတ်ကူးယဥ်နေတာပဲ။ တကယ်တော့သာက အရည်ချင်းပြည့်တယ့်မိန်းမတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတာကြောင့် ငယ်စဥ်က တကဟ်ပင် ရည်းစားအကြောင်းမတွေးမိပေ။ထို့အပြင်လွတ်လပ်ပြီးငယ်ရွယ်တယ့် uni lifeမှာတောင် ခေါင်းထဲ မထည့်ခဲ့ပေ။ သာ့စိတ်ထဲ တွင် ပညာပြည့်ဝရန်ပဲရှိသည်။ဒါ့အပြင် အလှအပပါသိပ်မပြင်ဆင်တာကြောင့် သာဟာ ထူးခြားလှပပြီး ယောက်ျားလေးတွေကြားနာမည်ကြီးတယ့်ထဲလည်းမပါဝင်ခဲ့။သာ့ကိုဆို စာဂျပိုးအဖြစ်သာ ယောက်ျားတွေက အထင်ကြီးကြသည်။သာ့တွင်ခင်မင်သည့် ယောက်ျားလေးသူငယ်ချင်းဟူ၍သိပ်မရှိ ။ဘုန်းနဲ့က uniမတူပေမယ့် အဆက်သွယ်ရှိနေတာမို့ပင်။ထို့ပြင် ကျောင်းပိတ်ရက်တိုင်းပြန်တွေ့နေရတာမို့ သာနဲ့လုံးဝမစိမ်းခဲ့ပေ။ပြီးတော့ ဘုန်းကလည်း စိတ်ချရသည့်ယောက်ျားလေးလေ။
(moco.အမကြီးသာက သိပ်စိတ်ချနေတာ သူကတလွဲတွေးနေတာကိုး ဟိုကဖြင့် သူ့ကို့😁😁)

A mysterious love story (Completed)Where stories live. Discover now