38.သူ့ပိုင်နက်ထဲ(2)

954 44 0
                                    


သိပ်မကြာခင်မှာပဲ မှန်တံခါးပွင့်သွားခြင်းနဲ့အတူ သူမဝင်လာခဲ့တယ်။ အနောက်နားမှာရပ်နေတယ့် စာရေးမလေးကို ခေါင်းဆတ်ပြလိုက်တော့ အလိုက်တသိပဲ တံခါးပိတ်ကာ ပြန်ထွက်သွားလေ၏။ ကောင်း သူမလေးကို တစ်ချက်ကြည့်လိုက်တော့ ဘယ်လောက်တောင် ကိုယ့်ကိုကိုယ် အားတင်းနေရမှန်းသိသာစွာရှိနေ၏။ သာမှန်လူတစ်ယောက်ကတော့ ခုသူမပုံကိုမြင်လျှင်ဘာမှမဖြစ်ဆယ့်ပုံမှန်ပဲလို့ထင်ချင်ထင်လိမ့်မည်။ သို့သော် သူကတော့ သေချာသိနေပါသည်လေ။ သတ္တိတွေမွေးပြီးတင်းခံထားတယ့်ပုံလေးကို။

ဒီနေ့မှသူမက အနီရောင် ဝမ်းဆက်နဲ့မို့ တကယ့် သတ္တိခဲမလေးအလားပင်။ ထုံးစံအတိုင်းဆံထုံးမြင့်မြင့်လေးထုံးထားတာကြောင့်မျက်နှာလေးက ရှင်းလင်းစွာနေ၏။ high heel ကြောင့်သူမအရပ်က ပုမနေပါ။ လက်ထဲတွင် ဦးရာဇာပေးလိုက်သောဖိုင်တွဲများသေချာစွာကိုင်ထားလေ၏။ မသိလျှင် ထိုဖိုင်တွဲများကို တစ်ယောက်ယောက်က ဆွဲလုသွားမှာစိုး၍ အတင်းအကျပ်ကိုင်ထားသလိုပင်။ ဒီလိုပုံမျိုးကို​ကောင်း သေချာမှတ်မိသည်။ ၈တန်းနှစ်က ကောင်းစကားလိုက်ပြောချိန်မှာ သူမလေး လွယ်အိတ်ကိုသေချာတင်းကိုင်ထားပုံမျိုးနဲ့ လွန်စွာတူလေသည်။

ကောင်း အလုပ်စားပွဲဆီသို့မသွားဘဲ ဆိုဖာပေါ်တွင်ထိုင်လိုက်ပြီး ရှေ့က ဆိုဖာပေါ်ထိုင်ရန် သူမကိုအချက်ပြလိုက်သည်။  အဖြူရောင် အနောက်တိုင်း suitကိုမှ waist coat အနက်ခံကာ ဝတ်ထားပြီး necktie ကလည်း အနက်စင်းလေးဖြစ်ကာ ထုံးစံအတိုင်း ဆံပင်တို့ကို သပ်ရပ်စွာ နောက်လှန်ဖြီး ထားပြီး နက်မှောင်နေတာကြောင့် ဆိုဖာအနက်ပေါ်ထိုင်နေသည့်သူဟာ အားကောင်းစွာ ညှို့ငင်နိုင်စွမ်းအပြည့်နှင့်ပင်ဖြစ်သည်။ အပေါ်ထပ်ကိုတော့ သူ့အလုပ်စားပွဲနားက ချိတ်စင်မှာ လွှားချိတ်ထားတာကို ဝင်လာစဥ်ကတွေ့လိုက်ရသည်။

သူက မနက်ကနှင့်ခြားနားစွာ ခုချိန်မှာတော့ လုံးဝကိုတည်ငြိမ်နေတာကြောင့်သာ ချွေးပြန်တယ့်ထိဖြစ်မိပေမယ့် အခန်းတွင်းသို့ ခန်းဆီးလိုက်ကာကြားက တစ်ဆိမ့်ဆိမ့်ဝင်လာတယ့် လေနုအေးကြောင့် သာ သက်သာရာရသွားသည်။ သူကိုသတိထားမိသလောက် air con လေ သုံးတာသိပ်မတွေ့ရပေ။ ကားပေါ်မှာလည်းသူက မေ့နေဟန်ဖြင့်သာတက်ပြီးတော်တော်ကြာမှ air conကိုဖွင့်ပေးတာဖြစ်သည်။ ထို့ပြင် သူနှင့် တွေ့ဖူးသည့်ဆိုင်တွေထိုင်တိုင်းလည်း အတွင်းဖက်ထက် အပြင်လေရသည့် သီးသန့်နေရာတွေပဲရွေးတတ်တာဖြစ်သည်။ ထိုအရာများကိုစပ်ကြည့်လိုက်တော့ သူသည် air con ကလေကိုမကြိုက်ဟု သာမှတ်ချက်ချမိသည်။

A mysterious love story (Completed)Where stories live. Discover now