15.အမည်မသိကိုယ်လူချော၏ အကူအညီ

1K 66 0
                                    

🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤

                              အပိုင်း(၁၅)

"ဘုန်း ရေ ဘုန်း လာခဲ့တော့ ထမင်းစား...ဟင်"

ဘုရားရေ ဘုန်း ဆေးလိပ်သောက်နေတာပါလား။တကယ်ဆို ဘုန်းနှင့်သိတာ ၁၀နှစ်နီးပါးရှိပေမယ့် သူဆေးလိပ်သောက်တာတစ်ခါမှမတွေ့ဘူးချေ။သာကဆေးလိပ်အနံ့ကိုမခံနိုင်ဘူးလေ။ဒါ့ကြောင့်ဆေးလိပ်သောက်တယ့်သူတွေဆိုနည်းနည်းအမြင်ကတမျိုးဖြစ်ချင်သည်။အကုန်လုံးကိုမဟုတ်ပေမယ့် တစ်ချို့ကလူမှုရေးနားမလည်ဘူးလေ။ဘေးပါတ်ဝန်းကျင်မှာလူတွေရှိနေတာကိုမဆင်ခြင်ဘဲ ဆေးလိပ်ငွေ့ကို ဂုဏ်ယူပုံနဲ့လွှင့်ထုတ်နေတယ့်သူတွေကလည်းရှိသေးသည်။အိမ်ဝကလှမ်းကြည့်လိုက်ထဲက ဘုန်းမျက်နှာမှာ ရှုပ်ထွေးမှုတွေကိုဆေးလိပ်ငွေ့တွေကြားကကိုမြင်ဖြစ်အောင်မြင်နေရသည်။ဘုန်းဘာတွေဖြစ်နေတာလည်း။သာ့အသံကိုမကြားရအောင်ထိဘာက ဘုန်းစိတ်ကိုစွဲဆောင်ထားတာလည်း။(သာ့အသံက သူ့ကိုခေါ်ရင် ကျီးကန်းသံလိုပဲ လို့ပြောနေကြဘုန်း😅)

"ဒေါက်"

ဟင် ကိုယ်ဘယ်လောက်တောင် စိတ်တွေဝေနေလည်းမသိ။ အနားက ထိုင်ခုံစွန်းကို ခဲမှန်မှ သာရောက်နေတာသိသည်။ကိုယ့်ကိုခဲကအခန့်မသင့်ရင်လာမှန်နိုင်တာမို့ မျက်ခုံးကုတ်မိလိုက်ပေမယ့် သာရှိရာဆီကြည့်မိလိုက်တော့မအီမသာမျက်နှာလေး။ရေချိုးပြီးပေမယ့်ဘာ့ကြောင့်မအီမသာဖြစ်နေတာလည်း။ ကိုယ့်ရှေ့မှာအငွေ့တလူလူနဲ့မို့ ကိုယ့်လက်ကိုကိုယ်ပြန်ကြည့်လိုက်တော့ စီးကရက်ကလက်ကြားမှာညှပ်လျှက်သား။ဟာ ဟုတ်သားပဲ သာမှအနံ့မခံနိုင်တာ။ ကပျာကယာဆေးလိပ်ကိုလွှတ်ချလ်ိုက်ပြီး ဖိနပ်ဦးဖြင့်နင်းချေလိုက်ရသည်။လက်၂ဖက်ကလည်း အငွေ့တွေကိုခတ်နေမိသည်။ ကိုယ်ကဘာနဲ့တူလည်းဆိုရင် အထက်တန်းကျောင်းသားတစ်ယောက် ဆေးလိပ်ခိုးသောက်နေတုန်း ကောင်မလေးတစ်ယောက်ကမြင်ပြီးစိုက်ကြည့်နေလို့ အဲ့ကောင်မလေးကိုဒေါသထွက်နေတုန်း မနေ့ကမှ​ပြောင်းလာတယ့်ဆရာမအသစ်ငယ်ငယ်လေးမှန်းသိလိုက်လို့ အမှားမှားအယွင်းယွင်းဖြစ်သွားရတယ့်ကျောင်းသားတစ်ယောက်နဲ့တူနေပါတယ်။

A mysterious love story (Completed)Dove le storie prendono vita. Scoprilo ora