8.ဘုရားရေ ရန်ပွဲလား

1.2K 68 0
                                    

🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤

အပိုင်း(၈)

သာ ရင့်ခက်ဆိုသောကောင်မလေးကို မြင်မြင်ချင်း
ခင်မိသွားရသည်ကအမှန်ပါ။ရုပ်လေးလည်းချောသလို သွက်သွက်လက်လက်လေးမို့ ပင်။ ရုတ်တရက် ရင့်ခက် စကားသံကြောင့် သာ လန့်သွားရသည်။

"ဟဲ့ ကောင်း နင်ဒီအခန်းပဲလား "

ကောင်း ။ ကောင်း ဆိုတာ သာတို့ အခန်းထဲက သြဇာကောင်းမဖြစ်ပါစေနဲ့ ။ သာ့ ဆုတောင်းမပြည့်လိုက်ပါ။
ရင့်ခက် ကြည့်ပြီးပြောနေတယ့် အခန်းဝဆီ သာ အကြည့်ရောက်တော့ အို သူ သြဇာကောင်း ပါလား။ သြဇာကောင်းက သာတို့ဆီကို တစ်လှမ်းချင်း လှမ်းလာလေသည်။တိတိကျကျ ပြောရရင် လာတာက ရင့်ခက်ဆီ ။ မျက်လုံးက သာ့ဆီမှာ ။ရင့်ခက် ကတော့ ရိပ်မိမှာမဟုတ်ပေ။ သာ သူ့ကို ကြောက်တယ်။သူက။

"အေး ဟုတ်တယ် ဒီအခန်း"

"ဒါဆို အဆင်ပြေတာပေါ့ ရင့်ခက် ကောင်းနဲ့ စာတူတူ လုပ်လို့ရတယ် "

ရင့်ခက်ရယ် သူက စာစိတ်မဝင်စားတယ့် လူရမ်းကား တစ်ယောက်ဆိုတာ မသိဘူးလားရှင် ဟုသာ သာ့စိတ်ထဲမှ ပြောနေမိသည်။

"အဟွန်း နင့်အတွက်အဆင်ပြေတာလား ငါ့အတွက် အဆင်​ေပြတာလား မသေချာသေးဘူး ရင့်ခက်"

တစ်ချက်သူရယ်ကာ ပြောရင်း သာ့ကို လှမ်းကြည့်လိုက်တာ သာ သိသည်။ သာ့ စိတ်ထဲမှာတော့ လောလောလတ်လတ် ခင်ထားသော ရင့်ခက် ဆိုသည့် သူမ၏သူငယ်ချင်း အသစ်စက်စက် လေးနှင့် လူဆိုး သြဇာကောင်း ဘယ်အချိန်တုန်းက စတင်ခင်မိထားလည်း တွေးတောမရနိုင်အောင်။ သာ သူ့ကိုလည်းမကြည့်ချင် စကားလည်းမပြောချင်၍ လွယ်အိတ်လေးထဲမှ ဗလာစာအုပ် လေးကိုထုတ်ကာ နာမည်တပ်နေလိုက် ၏။ ရင့်ခက်ကတော့ သြဇာကောင်းဆိုသူနှင့် စကားကျ နေသည်ပေ။

"ဟဲ့ သာ ကျောင်းမတက် လောက်သေးဘူးမလား "

ရုတ်တရက် လက်ကိုလာထိပြီး ​ပြောလာသည့် ရင့်ခက် ကြောင့် သာ ခနတော့ကြောင်သွားသည်။ ကြည့်လိုက်တော့ ဟို သြဇာကောင်း ဆိုသူမရှိတော့ ။နာမည်ကသာ သြဇာကောင်း ။လူက။ အေးလေ မကောင်းတယ့် နေရာတွေမှာ သူ့သြဇာက ကောင်းနေတာကိုး။

A mysterious love story (Completed)Where stories live. Discover now