21. အမှတ်မထင်တွေ့ဆုံမှု

830 55 0
                                    

🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤

အပိုင်း(၂၁)

တိတ်ဆိတ်နေသောဆေးရုံခန်းတွင်း သူရောသူမပါလုံးဝအသံမထွက်ဖြစ်ကြ။ သာခုချိန်ကိုဟ့်ပုံဘယ်လိုဖြစ်နေလည်းသိပ်သိချင်မိသည်။ပွယောင်းယောင်းဆံပင်၊ဖြူဖျော့ဖျော့နှုတ်ခမ်း ပြီးတော့ အာ ၃ရက် ငါမေ့နေတာ၃ရက်တောင်လား ။ဒါဆိုခုထိငါ ရေမချိုးရသေးဘူးပေါ့ ။သွားပါပြီ ကိုသြရှရှေ့မှာမှကွာ။အမ်အခုမှသတိရတယ်

"ဟိုလေ ကိုသြရှ သာ့ဖုန်းလေးတွေ့မိသေးလား"

ထိုအခါမှသူက

"အာ ဟုတ်သား ကိုယ်ကျေးနေသိပ်မကောင်းသေးဘူးထင်လို့မပြောရသေးဘူးပဲ။ ကျေးဖုန်းကတော့ ကျသွားတယ့်အရှိန်နဲ့ မကောင်းတော့ဘူး။စိတ်မပူပါနဲ့ ကိုယ် ကျေးကုမ္ပဏီနဲ့ဆက်သွယ်ပြီးတခြားကျေးမိဘဖုန်းတွေရှာထားလို့ ဖုန်းဆက်အကြောင်းကြားထားပါတယ် ။အန်တီနဲ့အန်ကယ်က မြောက်ဖျားပိုင်းကိုခရီးနဲ့ပါသွားတယ်တယ့်။ကျေးဖြစ်သွားတော့စိတ်ပူနေကြတာ ။မနက်ဖြန်ဆိုရင်တော့ဒီရောက်မယ်ပြောတယ်"

"ဒါဆို ဟိုသာဖြစ်တာဘယ်လိုသိတာလည်းဟင်"
ကျေးက မျက်လွှလေးချပြီးမဝံ့မရဲလေးမေးလာတော့ ကောင်းမှာရင်တွေအခုန်လွန်ပြီး

'မင်းလေးကိုချစ်လို့ အမြဲနောက်ကစောင့်ကြည့်ခဲ့တာဟုပင်ပြောချင်သည်။ပြီးတော့ နဖူးပြင်လေးကိုသာနမ်းရှိုက်ချင်တော့သည်။ဒါပေမယ့် သူ့မှာအဲ့လိုတွေပြောဖို့ လုပ်ဖို့အခွင့်ရေးမရှိ။

"ဒါလား ကိုယ်ကိစ္စတခုရှိလို့အဲ့ဘက်သွားတာ မထင်မှတ်ဘဲ..."

"ကိုသြရှတခုလောက်အကူညီတောင်းချင်လို့"

"ပြောလေကျေး"

"ဟို ဖုန်းလေးခနငှားပါလား ဆက်စရာလူရှိနေလို့"

ဒါဟိုကောင် ဘုန်းလက်ျာ ကိုဆက်ဖို့ပဲနေမှာ။သဝန်တိုစိတ်နဲ့မခံချင်စိတ်တွေဖြစ်သွားပေမယ့် လည်း

"ရတယ်လေ ကျေး "

သူမကတော့အလွတ်မှတ်မိနေတယ့်Noတွေကိုခပ်သွက်သွက်ပင်ရိုက်နှိပ်လိုက်နိုင်သည်။

A mysterious love story (Completed)Where stories live. Discover now