40.ရှင် ဘာမှမဖြစ်ရဘူးနော်

845 40 0
                                    

သူမလေးရဲ့ နှုတ်ခမ်းလေးတွေက မထူမပြည့်မပါး အနေတော်ပုံလေးဖြစ်ကာ အမြင်ထက် တကယ်စားသုံးလိုက်ချိန်မှာတော့ ကိုယ့်ရဲ့ရင်ခုန်သံတွေနဲ့ အလိုဆန္ဒတွေကို ထိန်းချုပ်ဖို့အတော်ပင်ခက်ခဲလှတယ်။

ရုတ်တရက် ပွင့်လာတယ့်မျက်ဝန်းလေးထက်က မျက်တောင်ဖျားတွေ ရုတ်ခြည်း အလူးလဲခတ်လိုက်ကာ သူ့ကို အတင်းတွန်းထုတ်လိုက်သည်ထိသူဘာမှမဖြစ် ။ သူ့ ပါးပြင်ပူထူသွားသည်အထိလည်းဘာမှမဖြစ်။ ဒါသူ့အပြစ်အတွက်သူရသင့်သည့်ပြစ်ဒဏ်။

နောက်ဆက်တွဲ ပြောလာသည့်စကားတွေကြောင့် သူမှခုချိန်မရှင်းမပြောတော့လျှင် နောင်ဘယ်အချိန်မှ ကြိုးစားခွင့်မရှိတော့ဆိုတာကို သူသိလိုက်သည်။ ဒါကြောင့်ပဲ တည်ငြိမ်ဟန်ဆောင်ပေမယ့် ခြေလှမ်း တို့ခပ်သွက်သွက်လှမ်းလိုက်တိုင်းတစ်ချက်တစ်ချက် တုန်ရီသွားတယ့်သူမနောက်ကို အပြေးတပိုင်းနီးပါး လျှောက်လာခဲ့တာ။

သူမနေ့ကမှ ကျော်ခန့်က အတင်းဆက်သွယ်လာ၍ သိရသည်က ကျေးသူ့ကိုသိသွားတာ ကျော်ခန့်ဆီကဟူ၍ပင်။ ရုတ်တရက် ခွေးမသား ဟုပင်ဆဲချင်သွားသော်လည်း ၊ကျော်ခန့်က သာယဥ်ကျေးနဲ့ပတ်သက်ပြီး မင်းကိုအသိပေးစရာတခုရှိလို့ဟု သူ့ကိုပြောလာ၍ သူ့မှာ ကျေးကို ချက်ချင်းသွားမချော့နိုင်ပဲ ကျော်ခန့် ချိန်းတယ့်ဆီကို အရင်သွားရသည်။ ဟိုရောက်တော့ ကျော်ခန့်အပြင် အမျိုးသမီး တစ်ယောက်ကိုပါ တွေ့လိုက်ရသည်။ ကျော်ခန့်ပုံက ကျောင်းတုန်းကနဲ့ခြားနားစွာ ။ ပြီးတော့ ရေချိန်လည်းကိုက်နေပုံရသည်။ ထိုအမျိုးသမီးကို ကျော်ခန့်အမျိုးသမီးဟုပင်ထင်လိုက်မိသေးသည်။
နောက်မှ သူ့ကိုသူ ဖြူဟုပြောကာ သာယဥ်ကျေးနှင့် ရင့်ခက်တို့နှင့်အတူ တွဲခဲ့သောသူဟုပြောတာကြောင့် ကောင်း အစက ထင်မိတာကို အားနာမိသည်။

အဲ့အချိန်မှာ အံ့သြလောက်စရာစကားတွေကို ကောင်းကြားလိုက်ရသည်။ ကျေးက အတိတ်မေ့နေခဲ့သည်တယ့်။ သူဒါကိုသိမှမသိတာပဲ။ ဖြူဆိုသောအမျိုးသမီးကလည်း ကျေးပြောပြသည်တို့ကို သူ့ကိုပြန်ပြောပြသည်။ ဖြူပြောပြသလောက်တော့ ကျေး အက်စီးဒန့်ဖြစ်တုန်းက သူက ကျောင်းတက်တုန်းရှိသေးသည်။ စီးပွားရေးတက္ကသိုလ်နဲ့နည်းပညာတက္ကသိုလ်တို့ရဲ့ နှစ်ကွာခြားမှုအရ ထိုအချိန်က သူဟာကျောင်းမပြီးသေး၍လုပ်ပိုင်ခွင့်မရှိသေးသောသူဖြစ်တာကြောင့် ကျေးအကြောင်း သေချာ မစုံစမ်းမိသေးပေ။ အများဆုံးဆို ကျေးဘယ်မှာနေတယ်။ ဘာကျောင်းတက်နေတယ် အဲ့လောက်ပဲ သူစုံစမ်းခွင့်ရခဲ့သည်။

A mysterious love story (Completed)Where stories live. Discover now