51.အာတာပူစီအနမ်း

924 35 0
                                    

ပင်လယ်ဓားပြ၏ အစပိုင်းမာယာလိုပင် ဖြေးညင်းစွာရမ်းခါနေပြီး သာက သာ့နားကပ်ခါ အသားယူချင်နေသည့် သူ့ကို မကြောက်ဟု လျှာထုတ်ပင် ပြောင်လိုက်ပါသေးသည်။သို့ပေမယ့်ပေါ့ တဖြည်းဖြည်းကြမ်းခါလာတယ့် လှုပ်ရမ်းမှုနဲ့အတူ သာ့နှလုံးသားတစ်ခုလုံး ပြုတ်ထွက်မတတ်ခံစားလိုက်ရပြီး အစွမ်းကုန် အော်ဟစ်တော့တာပဲ။

ပင်လယ်ဓားပြတစ်ခုလုံးက လူတွေ၏အော်ဟစ်သံတွေက ကြောက်စရာကောင်းစွာထွက်ပေါ်နေပြီး တစ်ဆက်ထဲမှာပဲ သူတို့၏ဖြစ်ပျက်နေပုံများက အောက်ကကြည့်ရသူတို့အဖို့ ရယ်ရွှင်စွာကောင်းလေ၏။

"အားး  ရပ်.ပါ.တော့"

အတက်ပိုင်းမှာ ခြေထောက်တခုလုံးတုန်ရင်နေပြီး အော်ဟစ်သံမဆုံးခင်မှာပဲ နှလုံးတို့ တုန်ခါပြီး အသည်းအေးရအောင် အောက်သို့ တဖြေးဖြေးပြန်ဆင်းပြန်၏။ သာလည်းအစက ၄ချက်လောက်ထိဘာမှမဖြစ်ပေမယ့် နောက်ပိုင်းရင်တလှပ်လှပ်ဖြစ်လာရော။

ပြီးတော့အများနီးတူ အော်ဟစ်မိနေတော့တာပဲ။ သူကအတက်ပိုင်းတခုခုမှာ သာ့နားနားကပ်ပြီး

"ကျေး ကြောက်ရင် မောင့်ကိုဖက်ထားလာ"

ဆိုပြီး ပြောလိုက်တယ်။သူ့ကိုယ်သူ ကိုယ်လို့သုံးတာပဲ ကြားဖူးတယ့် သာတစ်ယောက် ရုတ်တရက်ကြီးမောင်လို့သူသုံးလိုက်တယ့်စကားက အတက်ကြီးမှာပဲ အဆင်းလိုမျိုး တလှပ်လှပ်ခုန်သွားတယ့် နှလုံးသားကြောင့် ရုတ်တရက် ကမ္ဘာကြီးရပ်သွားသလိုခံစားလိုက်ရသော်လည်း ရင်ထဲအသည်းအေးတယ့်ခံစားချက်ကြီးဝင်လာပြီး

"အားးးး"

ဆိုပြီး သူ့ရင်ခွင်ထဲ ဝင်ခိုလှုံရတော့သည်။

"တော်ပြီ မစီးတော့ဘူး ရပ်ပေးပါတော့"

သာဘယ်လောက်အော်အော် လွှဲမြဲလွှဲဆဲပင်။ သာကတော့သူ့ကိုယ်ကြီးကိုအတင်းဖက်ပြီး တက်နိုင်သလောက် ကမ္ဘာ့လေဖိအားနဲ့ဝေးနေပေမယ့် တစ်ယောက်ယောက်နဲ့အတူဆိုတော့ နည်းနည်းသက်သာသည်ထင်။သူကတော့ သာ့ကျောပြင်ကို တင်းတင်းဖက်ထားရင်း သာ့ကိုချော့မြူနေတယ်။ဒါမယ့် ဘုရားစူး သူချော့မြူနေတယ်ဆိုတာသိပေမယ့် သာအဲ့ကိုအာရုံမရောက်နိုင် သာ့အော်သံတွေနှင့် တခြားသူအော်သံတွေကြား ပျောက်ကွယ်ကုန်သည်။

A mysterious love story (Completed)Where stories live. Discover now