64.

1.3K 54 3
                                    

သူကအခန်းထဲကလှည့်ထွက်သွားဖို့ပြင်လျှင်
.

အနောက်ကနေလှမ်းဖက်ခြင်းကိုခံလိုက်ရလေသည်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကြီးတစ်ခုလုံးတောင့်တင်းသွားရလေသည်။ သူမအခုသူ့ကိုဖက်လိုက်တယ်။ အပျော်စိတ်တို့က ဒီတခါကရောဘာဖြစ်ပြန်ပြီလဲဆိုတယ့်အတွေးတို့ကြောင့်မပျော်ရွှင်နိုင်ပြန်ဖြစ်သွားရသည်။

"နင်က သူ့ကိုငါမေ့သွားနိုင်အောင်လုပ်ပေးလေ "

သူမရဲ့စကားကြောင့် ကိုယ်ကိုလှည့်လိုက်တော့ ခုချိန်မှာသူမနဲ့မျက်နှာချင်းဆိုင်ဖြစ်သွားသည်။ နီးကပ်မှု။ အလင်းရောင်မှုန်ဝါးဝါး။

"နင်ကငါ့ယောက်ျားဖြစ်သွားပြီလေ ကိုယ့်မိန်းမတခြားသူဆီစိတ်မရောက်အောင်လုပ်ဖို့ကနင့်တာဝန်မဟုတ်ဘူးလား ငါနင့်ကိုချစ်လာဖို့ကြိုးစားလေ "

အိုး မိုင် ဂေါ့ ဒါသူသိသည့်သာယဥ်ကျေးမှဟုတ်ပါရဲ့လား။

"ငါတို့က အမြဲအတူရှိသွားရမယ့်သူတွေပဲလေ ငါတို့အမြဲဒီလိုအေးစက်နေလို့မဖြစ်ဘူး နွေးထွေးမှုတချို့ရဖို့ နင်ထိန်းချုပ်ဖို့မလိုပါဘူး "

ဘာမှပြန်မပြောမိ။ သူမမျက်နှာကိုသာကြည့်နေမိသည်။

"ငါဝန်ခံတယ် ဘုန်း ငါသူ့ကိုမမေ့နိုင်သေးဘူး တကယ်လည်းမမေ့ဘူး အချစ်ဦးကိုမေ့တယ့်သူနင်တွေ့ဖူးလို့လား ဒါပေမယ့် နင်ကခုငါ့ခင်ပွန်းဖြစ်သွားပြီ ငါနင့်ကိုငါ့ရဲ့ ပထမဆုံးသောအရာတွေအားလုံးတော့ မပေးနိုင်တော့ပေမယ့် ငါ့ရဲ့ First timeကိုတော့ ပေးနိုင်ပါတယ် ပြီးတော့ တစ်ဘဝလုံးနင်နဲ့အတူတူရှိမယ့်အချိန်တွေရော"

မှန်ပြတင်းပြင်ပမှာ အဖြူရောင်အရိပ်လေးတွေတဖွဲဖွဲကျနေပြီ။ ပထမဆုံး နှင်းတွေစကျပြီပေါ့။ သူမက သူ့ကိုဖက်လိုက်ရင်း

"ငါကတိပေးပါတယ် နောက်ခါမငိုတော့ပါဘူး ဒါ့ကြောင့် ငါ့ရှေ့မှာနင်ဖုံးကွယ်ပြီးမနေပါနဲ့ ငါ့ရဲ့အရင်ကဘုန်းကိုပြန်ပေးပါ "

သူမကျောလေးကိုဖွဖွလေးပြန်ဖက်ကာ သူမပုခုံးပေါ်ခေါင်းမှီတင်ထားမိသည်။

A mysterious love story (Completed)Where stories live. Discover now