27.One Night Stand???

1.3K 59 1
                                    

ရင့်ခက် ခေါင်းကအရမ်းထိုးကိုက်နေတာမို့ မျက်လုံးကိုမနည်းအားယူဖွင့်လိုက်ရတယ် ။ပါတ်ဝန်းကျင်ကလည်း ခုထိမျက်လုံးထဲမသဲကွဲသေး။ခေါင်းကိုက်တယ့်အပြင် ခန္ဓာကိုယ်မှနာကျင်မှုကြောင့် မနေ့ကတော်တော်မူးမူးသောက်လိုက်မိတာပဲလို့တွေးမိလိုက်တယ်။ခေါင်းကိုက်လွန်းလို့ အိပ်ယာပေါ်ကတောင်ရင့်ခက်မထချင်ဘူးလေ။အဲ့အချိန်မှာပဲ အခန်းတံခါးပွင့်လာပြီး သိဒ္ဓိကိုတွေ့လိုက်ရတယ်လေ။ ခေါင်းကဘာမှစဥ်းစားမရသေးတာကြောင့် ရင့်ခက်မနေ့ညကကိစ္စကိုခုထိမသိသေး။ သိဒ္ဓိကတော့ မမလေးကမွေ့ယာထဲနစ်နေပြီး ခေါင်းထိုးကိုက်နေပုံကြောင့် လက်လေးနဲ့ဖိနှိပ်နေတယ့်နိုးခါစပုံလေးကြောင့်လက်ထဲမှာကိုင်လာတယ့်စွပ်ပြုတ်ဗန်းလေးတောင်ယိုင်ချင်ချင်ရယ်။

"မမလေး နိုးပြီလား ဒီမှာ ကျွန်တော်စွပ်ပြုတ်လေးပြုတ်ထားတယ် အမူးပြေသောက်လိုက်ဦး"

သိဒ္ဓိကုတင်ဘေးနားက စားပွဲခုံပေါ်တင်ပြီး ကိုယ်တိုင်လည်း ထိုင်ခုံလေးပေါ်ထိုင်လိုက်တယ်။

"ငါ ရေအရင်သောက်ချင်တယ် "

မမလေးက ခေါင်းအရမ်းကိုက်နေပုံပေါ်တာကြောင့် သိဒ္ဓိပဲ ရေတခွက်အမြန်သွားယူရတော့တယ်။

ရေသောက်ပြီးတော့ မမလေးကခုမှ ပါတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး

"Aww ညကငါ့ကိုအိမ်ပြန်မပို့ဘူးလား"

မမလေးဆီက ဒီစကားလည်းကြားရော သိဒ္ဓိ မျက်နှာတွေပါချက်ချင်းရဲလာချင်တယ်။ မဟုတ်မှ မမလေးခုထိမမှတ်မိသေးတာတော့မဟုတ်ပါဘူးနော်။

"ဒါငါတည်းနေကျ Hotelလည်းမဟုတ်ဘူး မဆိုးပါဘူး ကျဥ်းပေမယ့်"

သိဒ္ဓိမမလေးစကားအဆုံးမှာအားငယ်သွားရတယ်။ဟုတ်တယ်လေ ဒါသိဒ္ဓိရဲ့လုပ်အားခတွေကိုစုပြီးဝယ်ထားတယ့်တိုက်ခန်းလေ။ပြီးတော့ သိဒ္ဓိကပိုက်ဆံကိုစုဆောင်းပြီးချွေတာရတာမို့ အပြင်အဆင်ကလည်း သိပ်မရှိဘူးလေ။ကံကောင်းတာက သိဒ္ဓိက အသန့်ကြိုက်တာမို့ ရှင်းလင်းနေတာပင်။

"ထားပါတော့ ငါသန့်စင်ခန်းသုံးဦးမယ်"

ပြသနာကအဲ့မှာစတာပင်။ ရင့်ခက်က မျက်နှာမသစ် သွားမတိုက်ပဲ အစားမစားတတ်သူမို့ သန့်စင်ခန်းသွားရန် ကုတင်ပေါ်ကထဖို့စောင်ကိုဖယ်လိုက်ပြီးထလိုက်တယ့်အချိန်မှာ လူကယိုင်သွားတယ်လေ။အဲ့တော့ဘေးနားမှာရှိတယ့်သိဒ္ဓိကပဲ အမြန်ဖမ်းထိန်းလိုက်တယ်။ရင့်ခက်ဒီနေ့မှ ခေါင်းပါမဟုတ် ခန္ဓာကိုယ်အောက်ပိုင်းကပါ နာကျင်နေတာကြောင့် အောက်ငုံ့ကြည့်လိုက်တော့ ......

A mysterious love story (Completed)Where stories live. Discover now