53.ဒီတင်ဆက်သူလေးကဆွဲဆောင်နိုင်တယ်

627 34 2
                                    

သာအိမ်ပြန်ရောက်တော့ တစ်အိမ်လုံးက မှောင်လို့နေသည်။ခြံထဲပင်မီးမထွန်းထားပေ။ဧည့်ခန်းထဲရောက်တော့မှ ဘုန်းရဲ့သိပ်မလှပေမယ့်ဖတ်၍ရသောမြန်မာလက်ရေးများဖြင့်ရေးသားထားတယ့်စာကိုသွားတွေ့တယ်။ဖတ်ကြည့်လိုက်တော့

:သာ ငါ့အလုပ်အရ အိမ်မှာနေလို့မရတော့ဘူးငါ့ရုံးကပေးတယ့်တိုက်ခန်းမှာဘဲ နေရတော့မယ် ငါအခုရက်ပိုင်းရုံးနောက်ကျနေလို့ bossကဆူလို့ အလုပ်နဲ့အခုနေတယ့်နေရာကဝေးလို့လေ နင့်ကိုမပြောဘဲ ထွက်သွားလို့စိတ်မဆိုးနဲ့ဦးနော် ငါတစ်လတစ်ခါဖြစ်ဖြစ်လာတွေ့မယ်သိလား သြော် ငါဖုန်းနံပါတ်ပြောင်းရတော့မယ်သိလား ဖုန်းရေထဲကျသွားလို့ ဒါ့ကြောင့် စာပဲရေးထားခဲ့လိုက်တာ နောက်မှနံပါတ်အသစ်နဲ့ဖုန်းပြန်ဆက်လိုက်မယ်နော် 
                နင့်ရဲ့အချစ်ဆုံးသူငယ်ချင်း
                          ဘုန်း

သာစာဖတ်ပြီး စိတ်ထဲတမျိုးလေးတော့ခံစားလိုက်ရလေသည်။တျနကုန်ပျော်ရွှင်လာပြီးအခုမှ။ ပြောရရင်ဘုန်းကိုလည်းသာ့သံယောဇဥ်ကကြီးတာမို့ ဖွားလာမည့်ကိစ္စကိုဝမ်းသာအားရပြောမလို့ပင်။ သို့ပေမယ့်လည်း အလုပ်ဆိုတော့ဘယ်တတ်နိုင်ပါ့မလည်း။

ညခင်းပိုင်းမှာရေမိုးချိုးပြီးတော့ ပွဲအတွက်အစီအစဥ်တချို့ဆွဲနေရတယ်။ ရုံးဝန်ထမ်းနာမည်တွေနဲ့သူတို့ရဲ့ အလုပ်ကမှတ်ချက်တွေကို ကြည့်ပြီး ဘယ်သူကတော်တယ် ဘယ်သူကသာမန်ပဲ အဲ့လိုခွဲခြားရတာရှိသလို ရုံးရက်ပျက်တွေကိုလည်းစစ်ပြီးအပိုင်းခွဲရဦးမယ်ဖြစ်သည်။သေချာသည် သာယဥ်ကျေးဆိုသည့်ကျွန်မကတော့ဘာမှရမှာမဟုတ် ။ဘာလို့ဆို ရုံးပျက်ရက်တွေက...။

ညပိုင်းအိပ်ခါနီးမှာသူ့ဆီက Good nightကျေးဆိုတယ့်messageလေးကိုဖတ်ပြီး good night မောင်လို့ပြန်ပို့ကာ လှပကြမ်းတမ်းတယ့်နေ့ရက်တွေကိုဖြတ်သန်းဖို့ ကြယ်တွေကြားထဲအိပ်စက်လိုက်ပါသည်။

တစ်ပါတ်အတွင်းမှာသူနဲ့တွေ့ချိန်ကသိသိသာသာကိုလျော့နည်းလို့လာရသည်။ သာလည်းအလုပ်ရှုပ်နေသလို သူကလည်းပရောဂျက်အသစ်ကြောင့် အလုပ်အရမ်းရှုပ်နေသည်ဟု ရင့်ခက်ကသာ့အားသူလျှိုလုပ်ကာလှမ်းပြောပြထားသည်။

A mysterious love story (Completed)Dove le storie prendono vita. Scoprilo ora