29.ငံပြာရည်မကြီးမဖြစ်ချင်ပါဘူး

798 39 0
                                    

သာဒီနေ့အိပ်ရာဝင်တော့လုံးဝကို ပျော်ရွှင်နေမိတယ်။ပျော်မှာပေါ့ ပျောက်နေသူကြီးက ပေါ်တော်မူလာတာလေ။ဘယ်သူရှိရမှာလည်း ဘုန်းစုတ်ပေါ့။ သူနဲ့အဆက်သွယ်မရတာ တကယ်ကြာတာပဲ။ရမယ့်ရတော့လည်းသူက

"သာလား ကိုယ်ပါ "

သာက ဖုန်းထဲဝင်နေတယ့် နာပါတ်စိမ်းကြီးကြောင့် အစက တကယ်မကိုင်မို့။ပြီးတော့ နိုင်ငံခြားဖုန်းကြီးလေ။ ဒါမယ့်ကိုင်လိုက်တော့မှ ဘုန်းအသံကိုကြားလိုက်ရတာ။

"ဘုန်းလား"

သာမေးလိုက်တော့သူက ချက်ချင်း

"အင်း အသံတော့မှတ်မိသေးသား "

သူကဒီတိုင်းပြောလိုက်တော့သာ တကယ်ဒေါသထွက်သွားတယ် ဘာ့ကြောင့်လည်းတော့ သာ့ကိုလာမမေးနဲ့သာမသိဘူး ဒါမယ့်တကယ်ဒေါပွသွားတာ။

"အံမယ် ထားခဲ့ပြီး မဆက်သွယ်တာရှင်ပါနော် ငါကသာအဲ့စကားကိုပြောရမှာ ဘယ်လိုလည်း ကျန်းမာရဲ့လား ဖုန်းကတော့ ကြည့်ရတာ ဂျပန်ကနဲ့တူတယ် နင်က သူငယ်ချင်းကိုတောင် အဖတ်မလုပ်ပဲ ဘာမှမပြောဘဲထားသွားတာ ခုမှလာခေါ်နေရလား ငါ့မှာဘယ်လောက်ပင်ပန်းလည်းသိလား နင်မရှိတုန်း ဆေးရုံမှာလည်း အကြာကြီးနေခဲ့ရတယ် တခြားမသိတယ့်သူစိမ်းကငါ့ကိုစောင့်ပေးနေတာ ငါဘယ်လောက်အနေခက်လည်းစဥ်းစားကြည့်စမ်းပါ ငါသတိရချင်း နင့်ဖုန်းကိုခေါ်တယ် နင်မကိုင်ဘူး အဟင့် ပြီးတော့ ဒီလောက်အကြာကြီးမှဖုန်းခေါ်ရလား ဟင် နင်ကတကယ့်လူယုတ်မာပဲ ငါ့မှာ တစ်အိမ်လုံးအလုပ်ကိုသိမ်းကျုံးလုပ်နေရတာ အေးနင်ပြန်လာကြည့် ငါဒီအတွက်အကြွေးတွေပြန်တောင်းမှာ ဘုန်းစုတ်ဘုန်းနာရဲ့"

သာလည်းကရားရေလွှတ်သလိုတကယ်ကို ပြောဆိုပစ်လိုက်သည်။

"ခန ခန သာ နင်ဆေးရုံဘယ်တုန်းက တက်လိုက်ရတာလည်း ဘာဖြစ်တာလည်း "

သူ့အသံကစိုးရိမ်နေပုံပေါ်ပေမယ့်

"မေးမနေနဲ့တော့ ငါမသေသေးဘူး အခုနင်နဲ့ဖုန်းပြောနိုင်နေပြီ"

"သာကလည်းကွာ ကျစ် ဟုတ်ပြီ ခုတော့ကိုယ်ဘာမှမပြောချင်တော့ဘူး အင်း သာ့မွေးနေ့အမှီပြန်လာနိုင်အောင်ကိုယ်ကြိုးစားမယ် အဲ့တော့မှရှင်းပြမယ် "

A mysterious love story (Completed)Where stories live. Discover now