43.မွေးနေ့တွင်ဖွင့်ပြောမည်

693 39 3
                                    

အဲ့ညက သာမိုးချုပ်မှပြန်လာခဲ့သည်။
ဘုန်းက

"သာ နင်ငါ့ကို ရင်ဖွင့်စရာကိစ္စတစ်ခုခုများရှိနေလား ငါနားထောင်ပေးနိုင်ပါတယ်။"

ဘုန်းလည်းဒီလိုပြောရော သာ့မျက်ဝန်းရိပ်တွေထဲ တခုခုဖြတ်ပြေးပြီးမှ အရင်ပုံပြန်ဖြစ်သွားကာ ရယ်မောလိုက်ပြီး

"ဟင် ဘာလည်း ဘာမှမရှိပါဘူး ဒီနေ့က ရုံးမှာ ငါ့အလုပ်တွေမပြီးလာခဲ့လို့"

ဘုန်းကသာ့ကို မယုံသလိုတစ်ချက်ကြည့်လိုက်သည်ကိုခံစားလိုက်ရသော်လည်း ချက်ချင်းပင်

"Okလေ ဒါဆို နင်အဝတ်စားလဲလိုက်တော့ ငါထမင်းပြင်ထားပေးမယ် "

"အင်း"

သာက ပြောပြီးအခန်းဆီဝင်ဖို့ပြင်ပြီးသိပ်မကြာဘူး သူက

"သြော် သာ ငါတို့ကြားက နင်ထုတ်ထားတယ့် ကြောင်တောင်တောင်စည်းကမ်းချက်ကြီးကို ဖျက်ပစ်လိုက်သင့်ပြီနော့"

သူက ရယ်မြူးသံစွက်ပြီးပြောတော့ သာ ဟက်ခနဲရယ်ချမိပါသည်။ ဟုတ်သည်လေ ။တကယ့်လက်တွေ့မှာစည်းကမ်းတွေမရှိပါဘူး ။

"အင်း ဖျက်ပစ်လိုက်တော့ "

ရီမောပြီးသာ ကိုယ့်အခန်းထဲကိုယ်ပြန်ဝင်သည်။နောက်တော့မှ ခန္ဓာကိုယ်က စေးကပ်ကပ်ဖြစ်နေတာကိုသတိထားမိသွားတယ် ။ သူ့ကို ပွေ့ထားတုန်းက ပေခဲ့တယ့်သွေးတွေထင်ပါရဲ့။ ဒီနေ့သာဝတ်ထားတာက အနီရောင်မို့ ဘုန်းသတိမထားမိတာဖြစ်လိမ့်မည်။

နောက်တော့ ထုံးစံအတိုင်း နွေးနွေးထွေးထွေး ထမင်းဝိုင်းကိုသာစားခွင့်ရပါသည်။ ဘုန်းနဲ့ဆိုလျှင် ပျော်ရွှင်ရပါသည်။ ဘာလို့ဆို သူကသာ့ကို အမြဲစနောက်နေတာကြောင့်ပင်။ သာ့မှာ ဘုန်းလို သူငယ်ချင်းမျိုးရှိတာအရမ်းကံကောင်းသည်ပင်။

ဘုန်းကတော့ ကြည့်ရသလောက်ခု သာ့မှာ ချစ်သူရည်းစားရှိသေးမည့်ပုံမပေါ်ပါ။ ဟိုကောင်လည်းခုချိန်ထိ သာ့ဆီက အချစ်ကိုရသေးပုံမပေါ်ပါ။ ဒါ့ကြောင့် သာ့မွေးနေ့မှာဖွင့်ပြောမည်ဟု သူဆုံးဖြတ်လိုက်သည်။

"ဟဲ့သာ နင်ပိန်သွားတယ် မှန်မှန်ပြော ငါမရှိတုန်းနင် သေချာမစားသောက်ဘူးလား"

A mysterious love story (Completed)Where stories live. Discover now