56.အခုရော နောင်ရော

658 36 0
                                    

သာမယုံနိုင်ဖြစ်သွားရသည်။အစကမောင်ကခြံထဲလိုက်ပြမည်ဆိုတုန်းကရိုးရိုးပဲထင်ခဲ့တာ။အခုသာမြင်နေရတာက နှင်းဆီခင်းကြီးတမျှလှပလွန်းသည့် ဖန်လုံအိမ်ထဲမှာဖြစ်သည်။ နှင်းဆီအနီအိုးတွေအများကြီးရှိသည်။အလယ်တွင်တော့ အုတ်စီထားသောရေတံခွန်တုသေးသေးလေးရှိပြီးထိုအပေါ်တွင်တော့အိုးနက်နက်တစ်လုံးနဲ့စိုက်ပျိုးထားပုံရသောနှင်းဆီအိုးတစ်အိုးကထင်းနေသည်။

ခေါ်လာပေမယ့် နှစ်သက်အံ့သြနေသောသူမမျက်နှာလေးမြင်ရတော့စိတ်ထဲကြည်နူးရသည်။သူမဆီနေ့တိုင်းပန်းတွေပို့ဖို့ သူမအားလပ်သည့်ကြားက မနက်တိုင်းကိုယ်တိုင်နှင်းဆီဖြတ်ပြီး စည်းပိုးကာ သူမကိုရည်ရွယ်ပြီးထိုပန်းတွေကိုနမ်းရှိုက်ခဲ့ဖူးသည့်ရက်တွေကိုပြန်သတိရမိတော့ပြုံးမိသည်။

"ဘယ်လိုလဲ မောင်မပြောဘူးလား ကျေးသဘောကျမယ့်အရာတစ်ခုမောင်တို့အိမ်မှာရှိပါတယ်ဆို"

"ဟင့်အင်း မောင်မှားတယ်"

ရုပ်တည်ကြီးနဲ့ပြောလာသောကျေးကြောင့်

"ဘယ်လို."

"သာသဘောကျတာမောင်ရောလေ ဘယ်လိုလုပ်တခုထဲဖြစ်မှာလဲ ဟီး"

ကြည့်စမ်း သူ့ရင်တွေအရည်ပျော်အောင်စနေတာပဲ။အင်းစိတ်ရှိလက်ရှိဆိုရင်တော့ အဲ့စနောက်နေတယ့်နှုတ်ခမ်းဖူးဖူးလေးကိုအပြစ်ပေးချင်ပါသေးသည်။

"ကျေး နော်သိပ်အူယားအောင်မလုပ်နဲ့ "

"ဘာဖြစ်လို့..."အသံလေးဆွဲပြီးပြောလိုက်သောသူမလေးကတကယ်အူယားအောင်စနေတာပဲ

ဘာစကားမှမပြောတော့ပဲ အလုပ်နဲ့သက်သေပြတယ့်အနေနဲ့သူမလေးရဲ့အနားအလျင်နှုန်းမြန်စွာနဲ့ရောက်သွားပြီး နူးညံ့တယ့်နှုတ်ခမ်းသားလေးတွေကိုဖိကပ်လိုက်တယ်။သူ့ဘဝမှာကျေးရဲ့နှုတ်ခမ်းတွေကိုပိုင်ဆိုင်ရတာလောက်ပျော်ရွှင်ရတာမျိုးမရှိဘူး။ဒီအချိန်မှာသူဟာ လောကကြီးပေါ်ကကံအကောင်းဆုံးလူသားပဲ။

"ဒီ လို ဖြစ် လို့." အနမ်းတို့ကိုလက်စသတ်ပြီးသူမနားနားတစ်လုံးချင်းကပ်ပြောလိုက်တော့ ရှက်နေသောမျက်နှာလေးကတမျိုးလေးချစ်စရာပင်။

A mysterious love story (Completed)Where stories live. Discover now