52.တကယ်ချစ်မိတော့မှာလား

680 38 0
                                    

ညနေစာပါ သူနဲ့တခါထဲဝင်စားခဲ့လိုက်သည်။ထုံးစံအတိုင်းLeo's birdမှာပင်ဖြစ်၏။ ငြိမ့်ညောင်းသော စန္ဒယားသံက ဝန်းကျင်ကို ဖုံးလွှမ်းနေ၏။ ဒီတခါကတော့ သူ့မွေးနေ့ကလို အောက်ထပ်မှာမဟုတ်ဘဲ အပေါ်ထပ်လို့ပြောလို့ရမယ့် ခေါင်မိုးထပ်မှာဖြစ်၏။

လေကတဖြူးဖြူးတိုက်ခတ်လျက်ရှိပြီး သာတို့က ကစားကွင်းကတန်းလာခဲ့တာကြောင့် ဒူးဖုံးရုံအဝတ်စားကအနည်းငယ်အေးစက်သယောင်ထင်ရပေ၏။

သို့ပေမယ့် လေတို့အကြား လွှင့်ပါးနေတယ့် ပန်းနုရောင် ခန်းဆီးစလိုအလှဆင်ထားတယ့် ပဝါပါးတို့ကသာတို့ပတ်ပတ်လည်တွင် ဝန်းရံလျက်ရှိတာကြောင့် အနည်းငယ်အချမ်းပြေသယောင်။ပန်းနုရောင်ပိုးသားစစားပွဲခင်းကအိထွေးစွာ ကြမ်းပြင်ထိပုံကျလျက်ရှိသည်။စားပွဲပေါ်တွင် သာအကြိုက်ဆုံး အနီရောင်နှင်းဆီတို့ကိုအဝန်းဝိုင်းပုပုလေးသဖွယ် အလှဆင်ထားသည်။နှင်းဆီတို့ကမွှေးပျံ့လွန်းသည်။ခယောင်းခွသဏ္ဌာန်ဖယောင်းစိုက်ထွန်းသည့် မီးဆိုင်းရှည်မျောမျောသဏ္ဌာန်လည်းရှိသည်။ထိုဘေးမှာတော့ လှပသော စတော်ဘယ်ရီသီးလေးတွေခရင်မ်ပန်းနုရောင်ပေါ်မြှုပ်နှံထားတယ့် ကိတ်လှလှလေးကနေရာယူနေသည်။ထို့ပြင် ဘေးနားတွင်တော့ နှစ်ချို့ဝိုင်တစ်ပုလင်းရှိနေသည်။

သာတို့ရှေ့တွင်တော့ ခုနကသူကိုယ်တိုင်ထည့်ပေးထားသော နီညိုညို ဝိုင်အနည်းငယ်ရှိသည့် ဝိုင်ခွက်ရှည်သွယ်သွယ်၂ခုရှိနေ၏။

"ဘယ်လိုလည်းကျေး မောင်ပြင်ဆင်ထားတာသဘောကျရဲ့လား ကျေးကြည့်ရတာ မပျော်သလိုပဲ ဘာဖြစ်လို့လည်းဟင် ခုနကကိစ္စကိုခုထိစိတ်ဆိုးနေတုန်းလား မောင်အလောကြီးသွားပြီးစိတ်မထိန်းနိုင်လိုက်လို့ပါ မောင့်ကိုခွင့်လွှတ်ပါနော်"

သူကစားပွဲပေါ်တင်ထားသောသာ့လက်ဖမိုး
ပေါ်သူ့လက်ခပ်ဖွဖွထပ်ကာ သာ့ကိုထပ်တောင်းပန်စကားဆိုသည်။သာကအမှန်တော့လုံးဝမမျှော်လင့်ထားတာမို့ရှော့ရသွားပြီး ခုထိနှလုံးသိပ်မတည်ငြိမ်သေးတာဖြစ်သည်။သူ့ကိုစိတ်ဆိုး၍လည်းသိပ်မဟုတ်ပါ။ ချစ်သူတွေဖြစ်ကြပြီဆိုထဲကသာက သူ့အပေါ်သိပ်မစိမ်းသက်ချင်တော့ပေ။ထို့အပြင်သမီးရည်းစားကြားကအကြောင်းတွေသာလည်း စာတွေ့တွေအရရော ကိုရီးယားကားတွေထဲကပါနားလည်သင့်သလောက်နားလည်ထားသည်။ဒါပေမယ့်အခုသာကလက်တွေ့ကြုံလိုက်ရတာဖြစ်တာမို့ အနည်းနဲ့အများ first timeမှာကြောင်အကြမှာအမှန်ပင်။ဒါပေမယ့်လည်း သူကသာ့ရဲ့ဖြစ်နေတယ့်အကြောင်းတရားကိုသိမှာမဟုတ် ။သာ့အပေါ်အမှားလုပ်မိသလိုသူခံစားနေရကြောင်းသာတွေ့တော့ သာလည်းထိုအရာပေါ် ဖြေရှင်းပေးဖို့အကောင်းဆုံးနည်းလမ်းကိုရှာနေမိသည်။ဘာပဲပြောပြောသူနဲ့သာကပြောရရင်သိပ်မရင်းနှီးသေးတာကြောင့် (first dateလေ😟)သာ့မှာ

A mysterious love story (Completed)Where stories live. Discover now