41.အပြင်လူပဲလေ

730 43 0
                                    

(ဒီအပိုင်းမှာဆိုရင်ဖြင့်  သြဇာကောင်းရဲ့ ဉာဏ်ရည်ကြီးမားပြီး ကလိမ်ကကျစ်ကျလိုက်တာကိုမြင်ရမှာပါ 😘😘😘)

AZK companyဟာ လမ်းမကြီးရဲ့ ဘေးတွင်တည်ရှိရုံမက ထိုအနီးနားတွင် ကစားကွင်းပါရှိတာကြောင့် ဒီလမ်းမဟာအမြဲလူစည်သည်ဟုပြော၍ရသည်။

ကျေးနောက်ကိုလိုက်ရင်း ကလေးတစ်ယောက်ကို ကားတိုက်မယ်ဟေ့ လို့သတိပေးလိုက်တာကြောင့် သူကြည့်လိုက်တော့ ဒယီးဒယိုင် မောင်းလာတယ့်ကားက နီးလာပြီဖြစ်တာကြောင့် ကလေးကိုလှမ်းဆွဲလိုက်တယ်။ ကံဆိုးချင်တော့ သူ့နောက်ကတခုခုနဲ့ခလုတ်တိုက်ပြီး အရှိန်မထိန်းနိုင်ဘဲနောက်ပြန်လှဲကျသွားတယ် ထိုအချိန်မှာပဲ  အုန်းခနဲ ကားဘီးပေါက်သံကိုကြားလိုက်ရတယ်။ ထို့အပြင် သူ့နောက်ကျောဆီက စိုစိစိခံစားမှုကြောင့် သူကိုင်ကြည့်မိလိုက်တော့ သွေးတွေဟုပင် ထင်ရလောက်သည်။ ထိုအချိန်ကောင်လေးတစ်ယောက်က

"ဟာ ကျွန်တော့်သွေးတု .."

"ရှူး "ကောင်းရှူးဟုဆိုကာ ကဒ်ကိုမြန်မြန်လှမ်းပေးလိုက်ပြီး မျက်စိပြန်မှတ်လိုက်တယ်။

အဲ့အချိန်မှာ ကားတံခါးဖွင့်ဆင်းလာတယ့်သူ
မကိုမြင်လိုက်ရတာကြောင့် အသာငြိမ်နေလိုက်တယ်။ နောက်သူ့နား ရောက်လာပြီး ဘေးကလူတွေကို လူနာတင်ယာဥ်ခေါ်ပေးဖို့ပြောလိုက်တယ်။

"သြဇာကောင်း ရှင်ဘာမှမဖြစ်ရဘူးနော် ရှင်ဘာမှ အဟင့်"

အသံလေးက ရှိုက်သံပါပါနေ၍ သူလွန်သွားပြီလားဟုတောင်ထင်လိုက်တယ်လေ။ တစ်ချို့ကလည်းဘာလည်းဆိုတယ့်ပုံပေါ့။ တချို့ကလည်း ဟာသကားရိုက်နေတယ်ထင်တာကြောင့် ဒီတိုင်းကြောင်ကြည့်နေကြတယ်။ ကားပိုင်ရှင်ကလည်း ကားရပ်လိုက်ကထဲက ထွက်ပြီး သူအစောကတွေ့ခဲ့တယ့် ဒီလမ်းမပေါ်က ဝပ်ရှော့ ဆိုင်တခုဆီပြေးတော့တယ်။ အဲ့တော့ နောက်မှရောက်လာတယ့်သူတစ်ယောက်ရဲ့ကောင်းမှုကြောင့် လူနာတင်ယာဥ်တစ်စီး အမြန်ပင်ရောက်လာခဲ့တယ်။

သူတို့ကားပေါ်ရောက်ပြီး ကားထွက်သွားတော့ အဲ့နားလေးမှာစကားသံတွေပျံ့နေခဲ့တယ်။

A mysterious love story (Completed)Where stories live. Discover now