3.လှပထက်မြက်သောစက္ကထရီမလေး

1.9K 97 0
                                    

🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤

                                အပိုင်း(၃)
"သွားပါတော့ဆို မင်းမောင်ရာ"

"Omm သွားပြီ ဘုန်း မင်းကငါ့ကို အိမ်ထဲတောင်မခေါ်တော့ဘူး ငါစိတ်မကောင်းဘူးဟာ"

ပြောလည်းပြော မလှမ်းမကမ်းမှာရပ်ထားသော ဆိုင်ကယ်ဆီသို့ သက်မင်းမောင်တစ်ယောက် လျှောက်သွားတာကို ဘုန်းကြည့်နေလိုက်သည်။ဆိုင်ကယ်ပေါ်တက်ပြီးလက်ပြပြီးမှ ဘုန်းလည်း သော့ဖွင့်လိုက်သည်။မနက်က သော့ခတ်ထားခဲ့မိသည် မဟုတ်လား ။အိမ်ထဲရောက်ရင်တော့ နားစက်သေနတ်ပစ်တာ ခံရမည်က ကျိန်းသေ။မိန်းမတွေများနော်။

ဟော တွေ့ပါပြီ မယ်မင်းကြီးမ ဧည့်ခန်းမှာ TVထိုင်ကြည့်နေတာ အခန့်သား။

"Arrr"

သူ့အော်သံက ကိုယ့်ပါလန့်စေသည်။

"ငှက်စုတ်မ အသံကနားပါအူတယ် နောက်မှာလူတစ်ယောက်လုံးရပ်နေတာတောင် နင်မမြင်ဘူးလား တခြားသူဆိုဘယ်လိုလုပ်မလည်း သတိကိုမရှိဘူး"

သူက သာ လို့ စိတ်ကောင်းဝင်ရင်ခေါ်တတ်ပြီး ရန်စချင်ရင်တော့ ကျေး ဆိုတယ့်နာမည်ကိုအပြစ်ရှာပြီးငှက်စုတ်မလို့ခေါ်တတ်တာပါ။

"အောင်မာ ငါ့များ ငှက်စုတ်မတယ့် ဒီမှာ နင်ပြန်လာတာလည်းငါသိတယ် ခြံရှေ့မှာအကြည်စိုက်ပြီး Roပြနေလို့ ထွက်မလာတာ ဟွန်း ငါ့အတွက်စားစရာတောင်မပါဘူး "

မျက်နှာထိမျက်နှာထားနဲ့ပြောနေသော ရှေ့မှ သာ့ ကိုကြည့်ကာ ဘုန်းရယ်မိလိုက်သည်။

"ဟား ဟား ဟား လက်စသတ်တော့ မုန့်မပါလာလို့ စိတ်ဆိုးနေတာကိုး မှန်းစမ်း ဒါဆို သူများအတွဲ Roနေတာကို တွေ့လို့ အပျိုကြီးမမတစ်ယောက် ရှက်ရမ်းရမ်းပြီးTVဖွင့်လိုက်တာ ငါညက ကြည့်တယ့် သရဲကားနဲ့တိုးသွားတာမလား"

ရီလည်းရီပြောလည်းပြောနေသော ဘုန်းကိုကြည့်ကာ သာ ဒေါသထွက်သွားသည်။ရှက်ဒေါသ။

"ရုတ်တရက်မို့ပါနော် သာတို့က သရဲမကြောက်ပေါင်"

" အဟား ဟုတ်ပါပြီ  ဗိုက်ဆာတယ် ဘာချက်ထားလည်း ညနေစောင်းနေပြီ နင်တစ်ခုခုတော့ ချက်ထားတယ်မလား"

A mysterious love story (Completed)Where stories live. Discover now