12.ဝန်ခံခြင်း

1.1K 69 0
                                    

🖤ပဟေဠိဆန်သော  ချစ်ခြင်းသွယ်🖤

                             အပိုင်း(၁၂)

ဘာလိုလိုနဲ့ ကျောင်းတက်တာ နှစ်လယ်လောက်ပင်ရှိတော့မည်။ သာတို့  ပထမနှစ်ဝက်စာမေးပွဲပင်ဖြေရတော့မည်။ ဒီကြားထဲသာ သူ့ကိုသာ အပြတ်ငြင်းထားရသည်။အဓိကအကြောင်းရင်းမှာ သာ့ဆန္ဒနှင့် သာ့စိတ်တူကိုယ်တူသူငယ်ချင်းလေး ရင့်ခက်ကြောင့်ဆိုလည်းမမှားပေ။ ရင့်ခက်နဲ့သြဇာကောင်းအပေါ် ကောက်ချက်ဆွဲထားမိသောသာ့အမြင်ကို အတည်ပြုပေးလိုက်တာက လွန်ခဲ့တယ့်တစ်ပါတ်ကဖြစ်ပေသည်။

အဲ့ဒီနေ့ကပေါ့။

" ဟေး သာ "

"သြော် ရင့်ခက် လာလေငါ ခုံဦးထားတယ်"

"အေး ကျေးကျေး သာရယ် ရင့်ခက်တို့အတန်းဖို့ အအေးတွေဝယ်နေသေးလို့ ဟီး နောက်ကျသွားတာ ဒါနဲ့ ပွဲစပြီလား "

"တော်ပါ ပွဲကတခြားခန်းပဲရှိသေးတယ် သာတို့ခန်းက ဒီပွဲပြီးမှ ပြီးတော့မှာပါပွဲကလည်း Cခန်းနိုင်မယ်ဆိုတာအသိသာကြီး "

ဒီနေ့ သာတို့ကျောင်းတွင်းဘောလုံးပွဲမှာ သာတို့၈တန်းဆိုက် ကစားမယ့်အလှည့်။သာနဲ့ဖြူက ရှေ့ဆင့်နောက်ဆင့်ရောက်ပြီးပွဲကြည့်နေကြပေမယ့်ရင့်ခက်ရောက်မလာသေးတော့ ပွဲတောင်ကြည့်ရတာမဖြောင့်ဘူး။ဖြူကတောင်သာ့ကို

သာရယ်ရှင်က lesbian လား။လည်တမျှော်မျှော်နဲ့။

တယ့်။ သာ မမျှော်လို့ရမလား ။ဒီနေ့သာတို့ ပွဲပြီးရင် ကစားကွင်းသွားမယ်ဆိုပြီး သာတို့အခန်းကလုပ်ထားတာ။ဆရာမပါဦးဆောင်တာဆိုတော့ မိဘတွေကလည်းစိတ်ချတာလေ။သာလည်းထူးထူးခြားခြားရတယ့်အခွင့်အရေးမို့ သာတို့သူငယ်ချင်း၃ယောက်တူတူသွားချင်သည်။ ကစားကွင်းသွားရဦးမှာမို့သာက ဘောင်းဘီပဲဝတ်လိုက်သည်။ဘောင်းဘီကွာတားရေညှိစိမ်းရင့်ရင့်လေးကိုမှ မော်ဒယ်စိမ်းရောင်လို စပို့ရှပ်လေးနဲ့သာကတွဲဝတ်ထားလိုက်သည်။ဆံပင်ဂုတ်ဝဲလေးကဝဲဝဲလေး ။မျက်နှာကတော့ သနပ်ခါးမလိမ်းပဲ snowလေးသာ နည်းနည်းလိမ်းထားလေသည်။နဂိုအသားဝင်းဝင်းလေးနဲ့ သာက ကိုယ့်ကိုကိုယ်ဒီလောက်ပြင်ဆင်ရုံနှင့်အဆင်ပြေသည်ပဲလေ။

A mysterious love story (Completed)Where stories live. Discover now