6.နောက်ခါ ခေါင်းမလျှော်နဲ့

1.4K 86 0
                                    

🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤

                               အပိုင်း(၆)

ဦးရာဇာ၏ ရုံးခန်းသို့ မရောက်မီ

"ဟို ဒီကအစ်မ ကAZK companyက ဆရာနဲ့တွေ့ဖို့ချိန်းထားတယ့်သူလားရှင့်"

"ဟုတ်ပါတယ် ကျွန်မပါ"

"ဟုတ်ကဲ့ ကျွန်မနောက်ကလိုက်ခဲ့ပေးပါ ဆရာစောင့်နေပါတယ်"

  ကောင်မလေးက အခန်းတစ်ခုရှေ့အရောက်မှာ တံခါးအားခေါက်လိုက်သည်။ အထဲမှ ၀င်ခဲ့ဟုကြားသဖြင့် ရင့်ခက်တို့၂ယောက် ၀င်ခဲ့ကြသည်။အခန်းထဲရောက်သည်နှင့် ဆိုဖာတွင်ထိုင်နေသော ဦးရာဇာကိုတွေ့လိုက်ရသည်။ အသက်က သိပ်အကြီး ကြီးမဟုတ်သဖြင့် နုပျိုခန့်ညားမှုတော့အတော်အတင့်ရှိနေသေးသည်။

"ထိုင်ပါ ခင်ဗျ ။ သြော် ဧည့်သည်အတွက် သောက်စရာ တစ်ခုခု ချပါဦး  ။တူမ အပူလား အအေးလား"

"ရပါတယ်ရှင် ဘာဖြစ်ဖြစ်ပါ "

"Ok ဒါဆို ကော်ဖီ၂ခွက်ပဲ "

"ဟုတ်ကဲ့ဆရာ "

ကောင်မလေးထွက်သွားမှပဲ

"ကဲ တူမ ပြောပါဦး "

"ဟုတ် ဒီလိုပါ ........................................................"

ရင့်ခက်တို့ဆွေးနွေးမှု အပြီးမှာ ဦးရာဇာက ၁ပ့တ်လောက်နေရင် အကြောင်းပြန်မည်ဟု ပြောသည်။
စာချုပ်စာတမ်း၊စာရွက်စာတမ်းအစုံအလင်နှင့်Azk ဘက်မှ ကမ်းလှမ်းတာတောင် စောင့်ခိုင်းသည်ဆိုသည်မှာ ဦးရာဇာ၏ လုပ်ငန်းပိုင်းပိုင်နိုင်မှုက အထင်ကြီးစရာ။ ရင့်ခက်တို့ AZK က အိမ်တွင်းအလှဆင်ပိုင်းနှင့် ကန်ထရိုက်ပိုင်းကိုအဓိကထားသည်။ကွန်ဒိုများ ဆောက်ပြီးလျှင် လေလံနှင့် လုပ်ငန်းရှင်များကိုပြန်ရောင်းသည်။တစ်ချို့ကို ကိုယ်ပိုင်လုပ်သည်။နိုင်ငံခြားမှ ပါကေး ၊ကြမ်းခင်း ၊မီးဆိုင်း၊ကော်ဇောပါမကျန်တင်သွင်းကာ ဆိုင်လည်းဖွင့်သလို အိမ်တစ်အိမ်အား ကန်ထရိုက်နှင့်လည်းပြင်ဆင်သည်။ဒီလို ဆောက်လုပ်ရေးကုမ္ပဏီကြီးက ဦးရာဇာတို့လို shopping mallနှင့် super market၊အစားအသောက်ပိုင်းဆိုင်ရာ အဓိကထားသော လုပ်ငန်းနှင့် စပ်တူရှယ်ယာထည့်ဝင်ချင်ပါသည် ဆိုတော့ ဦးရာဇာဘက်က စဥ်းစားစရာဖြစ်မှာအသေချာ။
ရင့်ခက် ခုနကတိုက်မိတယ့်ကောင်မလေးကိုပြန်အမှတ်ရလိုက်သည်။ ဒါမယ့် အို သူသာရင့်ခက်ကိုသိရင် နှုတ်ဆက်မှာပေါ့ဟုသာ။ ဘာပဲပြောပြောဒီညနေ ကောင်းကို ညစာကျွေးခိုင်းရမည်။

A mysterious love story (Completed)Where stories live. Discover now