46.ထူးထူးဆန်းဆန်းတွေမလုပ်ပါနဲ့

678 37 0
                                    

ထမင်းဝိုင်းက တကယ်ဖွယ်ဖွယ်ရာရာချက်ထားတာပင်။ သာကြိုက်သော ငါးသံပုရာပင် ပါသည်။ ဘုန်းက သာ့ကိုတွေ့တာနဲ့

"အမလေး မြန်မြန်လာ ငါဒီမှာ အူခွေအောင်စောင့်နေရတာ "

"လာပါပြီနော် "

သာက ဝင်ထိုင်လိုက်ရင်း

"နင် ငါးသံပုရာပေါင်းကိုဘယ်ဆိုင်ကဝယ်လိုက်တာလည်း"

သာက ဖဲ့စားရင်းကောင်းမွန်သောအရသာကြောင့် လှမ်းပြောလိုက်သည်။

"ဘယ်ဆိုင်ကမှမဟုတ်ဘူး မယ်မင်းကြီးမ ငါကိုယ်တိုင်ချက်ထားတာ"

ဘုန်းကပြောလည်းပြောစားလည်းစား ။သာကပျော်သွားပြီး ထမင်းစားနေတယ့် သူ့ပါးတစ်ဖက်ကို ဆွဲဖျစ်လိုက်ပြီး

"ငါ့ သူငယ်ချင်းလေး ကတော်လိုက်တာ နင်အကောင်းဆုံးပဲ "

လက်မလေးတစ်ဖက်ထောင်ပြီးသူ့ပါးကိုလာဆွဲသည့်သာကြောင့် သူ့မှာစားလက်စထမင်းကိုပင်ဆက်မဝါးနိုင်ပဲ သူမကိုငေးနေမိသည်။

'သာနင်ငါ့ကိုဘာလို့ဆွဲဆောင်နေတာလည်း'

မနက်ဖြန်ဖွင့်ပြောဖို့သူသေချာစီစဥ်ပြီးပြီဖြစ်သည်။ နောက်တော့ ထမင်းတစ်စေ့က လည်ချောင်းထဲဆင်းကြသွားပြီး သူချောင်းပင်ဆိုးမိသည်။ခွီးထဲမှ ထမင်းလာသီးရတယ်လို့ စတိုင်ပျက်လိုက်တာ။

"အဟွတ် ဟွတ်"

"ဟယ် ဘုန်း ထမင်းသီးကုန်ပြီ ရေ ရော့ ရေသောက်လိုက်ဖြည်းဖြည်း "

သာကသူ့ကိုသေချာရေခွက်လှမ်းပေးလိုက်တယ်။သူက ရေကိုသေချာဖြေးညှင်းစွာသောက်လိုက်ပြီးမှ

"သာရယ် ငါ့ကိုထူးထူးဆန်းဆန်းတွေမလုပ်ပါနဲ့ ခုထမင်းတောင်သီးကုန်ပြီ "

အဲ့တော့မှသာက မျက်နှာလေးငယ်ချလိုက်ပြီး

"Sorryပါ ဘုန်းရယ် ငါကပျော်သွားလို့ပါ နင်ထမင်းစားနေတာမသိလိုက်ဘူး နင်ကလည်းငါစထိုင်တုန်းရှိသေး ပါးစပ်ထဲ ထမင်းလုပ်ကရောက်ပြီ"

နောက်၂ယောက်သားရယ်မောပြီးစားသောက်ကြတော့တယ်။ စားသောက်ပြီးတော့ ထုံးစံအတိုင်းTvခနတဖြုတ်ကြည့်ကြသည်။ ခဏတဖြုတ်ဆိုတာ ဘုန်းနဲ့အတူတူကြည့်ရတာကိုပဲပြောတာဖြစ်ပြီး နောက် ဘုန်းက လုပ်စရာအလုပ်ရှိသေးသည်ဆိုပြီး ထထွက်သွားတာကြောင့် သာတစ်ယောက်ထဲကြည့်နေလိုက်သည်။

A mysterious love story (Completed)Where stories live. Discover now