57.ရည်းစားကိုအိမ်ကမသိအောင်ထားနေတာလား

1.2K 37 0
                                    

ဒီနေ့ဖွားဖွားတို့ရောက်သည်။မမြင်ရတာကြာရပြီဖြစ်တယ့်ဖွားဖွားကိုပြေးဖက်ရင်းသာချွဲနေမိတော့သည်။

"ငါ့မြေးအတွက်လိမ္မော်သီးတွေပါတယ်"ဆိုတယ့်ဖွားဖွားရဲ့စကားသံအဆုံးမှာသာဘုန်းကိုသတိရသွားသည်။ခနနေဘုန်းကိုလှမ်းခေါ်ဖို့ပင်တွေးမိသေးသည်။

ဖေဖေကတော့သမီးဆီအလည်လာပေမယ့်အလုပ်တစ်ဖက်နဲ့ဖြစ်သည်။ခရီးသွားအေဂျင်စီကဖြစ်သည့်အတွက်ဖေဖေ့မှာနေရာပေါင်းစုံသို့သွားလာနေရတာပင်ဖြစ်သည်။ခုလည်း ဖော်ရိန်နာ ၃ယောက်ကိုmdyအနှံ့လိုက်ပြပေးရမည့်တာဝန်ကရှိသေးသည်။

အိမ်မှာကအခန်းပိုမရှိသည့်အပြင် ခုဖွားဖွားပါပါလာတော့ သာ့မှာအခန်းနေရာချဖို့ဖြစ်နေသည်။ဖွားကိုဘုရားခန်းမှာနေရာချပေးပြီး သာ့အခန်းကိုတော့ဖေနဲ့မေအတွက်ထားပေးမည်။သာကတော့ ဧည့်ခန်းမှာအိပ်ဖို့ပဲအကြမ်းဖျင်းစီစဥ်ထားလိုက်တယ်။

_______

"ဖွားရယ် သမီး လည်းဖွားနဲ့တူတူနေချင်တာပေါ့ ဒါမယ့်အလုပ်ကပျက်လို့မရဘူးလေနော် နော် ဒီနေ့ရုံးမှာအရေးကြီးပြီးသမီးမသွားရင်မရလို့ပါ ဖွားကလည်း ပြန်လာရင် ဖွားဖွားအကြိုက်နန်းရှေ့ကရှမ်း​ေခါက်ဆွဲဝယ်လာခဲ့မယ်လေနော်"

ဒါကတော့သည့်သည့်အတိုင်းသာယဥ်ကျေးတစ်ယောက် ပါပီEyesများဖြင့်အဖွားဖြစ်သူကိုရုံးသွားဖို့ ချွဲနွဲ့နေတာပဲဖြစ်သည်။

"ဖွားကလည်း မြေးတကယ်မအားလို့ပါ မြေးကိုအဲ့လိုကြီးစိတ်မကောက်ပါနဲ့"

တည်တင်းနေတယ့်မျက်နှာထားနဲ့ဆိုဖာခုံပေါ်ထိုင်နေတယ့်ဖွားကိုသာ့မှာအတင်းဖက်ကာချွဲနေရတာဖြစ်သည်။

"သွားပါ အပိုတွေ  ဖွားမှာတော့ မြေးလေးနဲ့မတွေ့တာကြာလို့ငါ့မြေးမလေး ငါ့ကိုလွမ်းနေတော့မှာပဲဆိုပြီး လာတွေ့တာ ဒီရောက်တော့မြေးကအဖွားကိုအလုပ်လောက်တောင်မချစ်ချင်ဘူး။ရွှေမှုန်တို့ကံကကိုဆိုးတာပါလေ"

အဖွားကစိတ်ဆိုးရင်ဒီလိုပဲပြောနေကြဖြစ်သည်။ ဒါပေမယ့်သာ့ကိုကြာကြာစိတ်မကောက်ဘူးဆိုသည်ကိုတော့သာသိသည်။

A mysterious love story (Completed)Where stories live. Discover now