48.ကြယ်ရောင်ပျောက်သောည

734 38 0
                                    

'လုပ်လိုက် ဘုန်းလက်ျာ မင်းယောက်ျားမဟုတ်ဘူးလား မင်းချစ်နေတာမသိပဲ ဟိုကခုဆို ချစ်သူရသွားပြီ အဲ့တာမင်းလက်နှေးနေလို့ ခုမင်းအတွက်အခွင့်ရေးပဲ မင်းသူ့ကိုချစ်တယ်မလား မင်းအပိုင်လုပ်လိုက် မင်းတို့၂ယောက်ထဲရှိတာ ဟေ့ ဘုန်းလက်ျာ လုပ်လိုက် နမ်းလိုက် နမ်းလိုက် '

ဘုန်းမျက်နှာ တဖြည်းဖြည်းသူမဘက်သို့နိမ့်ဆင်းလာပြီးနောက်။

'ဟင့်အင်း မဟုတ်ဘူး ငါက သာ့ကို ချစ်တာ ဒီလိုမျိုးဖြစ်ဖို့မဟုတ်ဘူး မင်းတို့ဆက်သွေးထိုးမနေနဲ့'

စိတ်ထဲက နတ်ဆိုးတွေကိုအားကုန်အော်လိုက်ပြီး ဘုန်းသူမမျက်နှာနားသို့ပိုတိုးကပ်လိုက်ပြီး ခေါင်းချင်းတိုက်ချလိုက်သည်။

"အား နာတယ် လူယုတ်မာရဲ့ "

သာက နဖူးကိုပွတ်ပြီးပြောချလိုက်တယ် လက်တစ်ဖက်ကလည်း လျင်မြန်စွာ သူ့လက်မောင်းကိုဖြန်းခနဲ။ သူကတော့ ရယ်နေတယ်။

"ငါက စတာပါသာရဲ့  နင့်ကြည့်ရတာ အရမ်းပျော်မြူးနေလို့ နည်းနည်းရုပ်တည်နဲ့နောက်ကြည့်တာ သြဇာကောင်းဆိုတာငါမသိဘဲနေမလား နှင်းဆီပန်းတွေပို့တယ့်သူကို အဟက် ​ဆက်ပြော"

ခုတော့မှသာက ဖိုးလမင်းလိုမျက်နှာကြီးဝင်းသွားပြီး

"ဘုန်း နင်ကလည်း ငါကအတည်မှတ်နေတာ အဟမ်း ဟုတ်တယ် သူပဲ ပြီးတော့ထူးဆန်းတာပြောပြရမလား"

သာက တက်ကြွလန်းဆန်းစွာ ရည်းစားအကြောင်းကိုစကားတွေအများကြီး ပြောချင်ပုံရသည်။

'ထူးဆန်းတာ ဘာလည်း သြဇာကောင်းက မင်းရဲ့လုပ်ဖော်ကိုင်ဖက် သြရှနဲ့တစ်ယောက်ထဲဆိုတယ့်အကြောင်းလား ဒါမှမဟုတ် ငါတို့သိတာ ခုမှမဟုတ်ဘူးဆိုတယ့်အကြောင်းလား နင်ဘာကိုထူးဆန်းတယ်ဆိုပြီးပြောမလို့လည်းသာရယ် ငါအကုန်သိပြီးသားတွေပါ ငါထပ်ကြားလေ ရင်နာရရုံပဲရှိမှာပေါ့'

ဘုန်းစိတ်ထဲက မျက်ရည်တွေကျနေတာကို ဟန်ဆောင်ပြီး

"ဘာထူးခြားတာလည်း "

အသံမှာပျော်ရွှင်ခြင်းတွေပျောက်ဆုံးနေပြီးဟန်လုပ်ပြောနေရတာကို သူမမရိပ်မိဘူးထင်ပါရဲ့။

A mysterious love story (Completed)Where stories live. Discover now