36.ph.noတောင်းခံခြင်း

711 40 0
                                    

အစက ဘုန်းအလျော့မပေးပဲ ပြေးမလို့ပေမယ့် နောက်တော့ သာ့ကိုကြည့်ရတာ စိတ်မပျော်ရွှင်ဖြစ်နေတာကြောင့် နောက်ပိုင်းမှာ မသိမသာအားလျှော့ပြီးပြေးလိုက်တယ်။
အဲ့တော့ အနိုင်ရသူဟာ သာဖြစ်သွားပြီး မေးခွန်း၃ခု ဒါမှမဟုတ် ၃မျိုးတောင်းဆိုခွင့်ကိုလည်းသာကပဲရသွားတော့တယ်။အခုမှပဲ သာ့ဆီက လွတ်လပ်တယ့်အပြုံးမျိုးမြင်လိုက်ရလို့ဘုန်းဝမ်းသာသွားတယ်။ ပြေးထားလို့ ဗိုက်နှိပ်ပြီး အမောဖြေနေပေမယ့် အောင်နိုင်သူအပြုံးနဲ့ ပြုံးဖို့ကိုလည်း သာကမမေ့ခဲ့ပါဘူး။

နောက်တော့ ၂ယောက်သား အေးဆေးလမ်းလျှောက်ပြီး ၅ခွဲလောက်မှာ အိမ်ပြန်လှည့်လာတော့တယ်။ ဒီလိုမနက်စောစောလမ်းလျှောက်ထွက်ရတာ ဘာနဲ့မှမတူပါ။ပတ်ဝန်းကျင်က ဆူညံမနေပဲ ကျေးငှက်သံတွေကလည်း ဘဝင်ကြည်နူးစရာပင်။

"ငါတို့ မုန့်ဟင်းခါး ဝင်စားရအောင်"

အမြဲလိုလို မနက်စာကို ဖြစ်သလိုစားနေရတာကြောင့် မုန့်ဟင်းခါးကို အရမ်းစားချင်နေတာပင်။ ဘုန်းကလည်းမငြင်းတာကြောင့် မနက်စာကို အိမ်အပြန်လမ်းဘေးရှိ မုန့်ဟင်းခါး ဆိုင်လေး၏ ခုံပုလေးတွင်ထိုင်ကာ လွေးကြတော့သည်။ ဘယ်လောက်တောင် စားချင်နလည်းဆိုရင် အားမနာတမ်းစားကြတာ သာက ၃ပွဲနှင့် ဘုန်းက ၂ပွဲပင်။ ဒါတောင်သာက စားလို့ရရင် ထပ်စားချင်သေးတာ်လို့ပြောတော့ ဘုန်းကရီသေးသည်။ ဟုတ်တယ်လေ အချိန်မှမလောက်တာကို။

လမ်းထိပ်ရောက်တော့ဘုန်းက

"ဟိုလေ သာ ငါသွားစရာရှိနေလို့ အိမ်ပြန်မဝင်တော့ဘူးနော်"

နောက်မှသာတွေးမိသွားကာ

"အင်းသွားလေ ဟုတ်သားပဲ နင်ကအကြာကြီး ဟိုမှာနေခဲ့သေးတာဆိုတော့ ကိုသက်မင်းမောင်ကိုချော့ရဦးမှာပဲ ဟီး"

ထိုအခါသူက မျက်နှာကြီးနီပြီး ဆောင့်ကြီးအောင့်ကြီးပြောသည်။ ရုတ်တရက်ဆိုရင် ဒေါသထွက်တာလို့သူများတွေထင်မှာပေမယ့် သာကတော့ သူရှက်ရမ်းရမ်းသည်လို့ပဲထင်သည်။

"ဟာ သာကတော့ ငါနဲ့မင်းမောင်ကဘာမှမဆိုင်ပါဘူးဆို ကျွတ် တော်ပြီဟာ သွားတော့မယ်"

A mysterious love story (Completed)Donde viven las historias. Descúbrelo ahora