9.မလုပ်ရဲတာမရှိတယ့်ကောင်လေးရဲ့ချစ်ရေးဆိုမှု

1.2K 71 0
                                    

🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤

အပိုင်း(၉)

""အဟက် ငါက ဟောင်ရအောင် ခွေးမဟုတ်ဘူး ဟျောင့် အေးလေ လူစကားပြောတာကို ခွေးလိုဟောင်တယ် ကြားတာတော့ မင်းရဲ့ အဆင့်တန်းက ဘာလည်းဆိုတာ ငါမပြောတော့ ဘူး သူတောင်းစားရဲ."

ကောင်း စကားသံအဆုံးမှာ ကျော်ခန့်တစ်ယောက် အထိအတော်နာသွားပုံရသည်။

"မင်းကဘာကောင်လဲကွာ"

တစ်ကယ်ပါ။လျှပ်တပြက်အတွင်းမှာပဲအဖြစ်အပျက်တွေကမြန်ဆန်လွန်းသည်။ ကျော်ခန့်က ကောင်းကို လျှပ်တပြက်ဝင်လုံးဖို့ကြံသော်လည်း ကောင်းကလျှင်မြန်စွာပင် ကျော်ခန့်၏လက်ကို လိမ်ချိုးကာ စားပွဲပေါ် ပါးအပ်စေလိုက်သည်။

"အား ! ဒုန်း! "

ကျော်ခန့်၏ အော်သံ စားပွဲနှင့်ထိသံတို့ဖြင့် အတန်းထဲရှိလူတွေကို အံ့သြစေနေတုန်းရှိသေးသည်။ ကျော်ခန့်၏ သူငယ်ချင်းအောင်သူ က ကောင်းကို နောက်မှဝင်ချဖို့ကြံပေသည်။ ရင့်ခက်ရင်တွေပင်တုန်လာရသည် ။သို့သော်လည်းကောင်းက ကျော်ခန့်ကို လက်တစ်ဖက်နှင့်ချုပ်ထားလျှက်ပင် အောင်သူကို နောက်ပြန်ကန်ချက်တစ်ခုပစ်ကျွေးလိုက်လေသည်။ မထင်မှတ်သောကန်ချက်ကြောင့် အောင်သူတစ်ယောက် ရှောင်ချိန်ပင်မရလိုက်ပေ။

"ဖြောင်း! ဝုန်း! "

ရင့်ခက်ကတော့ရင်တုန်ကာအခြေနေကိုစောင့်ကြည့်နေလိုက်သည်။သာ့ကိုငဲ့ကြည့်လိုက်တော့ မျက်လုံးတွေပြူးကာ ကြောင်နေတုန်းရှိသေးသည်။ကောင်းကတော့ သူ့အဓိက ပစ်မှတ် ကျော်ခန့်ဆီကိုမျက်နှာပြန်လှည့်သွားကာ နား နားစကားတိုးကပ်ပြောလိုက်တာကိုရင့်ခက်တွေ့လိုက်ရသည်။ဘာပြောမှန်းတော့ရင့်ခက်မသိ ။ဒါပေမယ့် ကျော်ခန့် မျက်နှာကြီးနီသွားကာ တစ်ခုခုပြောလိုက်တာတော့သိသည်။ဒါမယ့်ဘာပြောမှန်းတော့မသိ ။ခနနေတော့ ကောင်းက ကျော်ခန့်ကိုလွှတ်လိုက်ကာ အခန်းပြင်ထွက်ဖို့ပြင်လေသည်။

ကျော်ခန့်လည်း ကိုယ်ပေါ်ရှိ အဝတ်အစားကိုနည်းနည်းဆွဲဆန့်လိုက်ပြီး ကောင်းရှိရာသို့ ကြည့်ကာ စကားတစ်ခွန်းပြောလိုက်လေသည်။ တစ်ခန်းလုံးရှိလူများ အံ့သြကုန်ကြသည်။ မအံ့သြပဲနေမလား ။ကျော်ခန့်ပြောလိုက်တာက

A mysterious love story (Completed)Where stories live. Discover now