13.နှင်းဆီပန်းပို့တယ့်သူက!!!

1K 72 1
                                    

🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤

အပိုင်း(၁၃)

"တီ တီ တီ တီတီ တီ တီ တီ"

"Humm ဟွန်း နိုးပြီ ကီကီရာ"

ဗလူးဗလဲလေးနဲ့ပြောပြီး ငေါက်ခနဲထထိုင်လိုက်ကာ သာ့အချစ်တော် ကီကီ လေးကိုပိတ်လိုက်သည်။အမွှေးဖွားလေးတွေကိုနည်းနည်းပွတ်သပ်လိုက်ပြီးမှ
ထလိုက်ကာ ခြေလှမ်းတွေက bathroomဆီ ။

ဒီနေ့ကစပြီးစောစောထရမှာမလို့ ၅နာရီခွဲalarmပေးမိသည်။မထလို့မရတော့ ထမင်းချိုင့်ပြင်ရမည်။မနက်စာလုပ်ရမည်။ ပြီးတော့ ရုံးကိုပုံမှန်ထက်စောသွားဖို့လိုသည်။ ညက TV အကြည့်ကောင်းသွားလို့ အလုပ်က ပြန်စစ်ဖို့လိုသေးသည်။သြော လုပ်စရာတွေအများကြီးပါပဲလေ။ သွားတိုက်ရင်း ညက အိပ်မက်ကိုပြန်စဥ်းစားမိသွားသည်။သာ အဲ့အိပ်မက်တွေခနခနမက်တတ်သည်။အိပ်မက်ထဲမှာ သာက ၈တန်းကျောင်းသူဆိုတာသိသည်။ဘေးကကောင်မလေးက သာ့သူငဟ်ချင်းဆိုတာသိသည်။ သူတို့နာမည်တွေသာ မှတ်မိနေသည်။ဒါပေမယ့် တကယ်ဖြစ်ခဲ့တာလား ။သာ့စိတ်ကူးတွေလားဆိုတာ သာ မခွဲခြားတတ်သလို သာမသိ။သာ အဲ့ကောင်လေးပြုံးပြပြီး အခန်းထဲလှည့်ထွက်ဖို့ကြိုးစားတိုင်း သာ့ အိပ်မက်ကပြီးဆုံးသွားတတ်သည်။အိပ်မက်ဆိုပေမယ့် သာခံစားလို့ရနေသည်။ သာ သိချင်တာ အဲ့ဒါတွေဟာ တကယ်ပဲဖြစ်ခဲ့တာလား။ သာ့ဘဝကလည်း ရှုပ်ထွေးလိုက်တာ။

၂မိနစ်တွေးပြီး သွားတိုက်လိုက်တာ ပြီးတာနဲ့ bella facial foamလေးနဲ့မျက်နှာ သစ်လိုက်သည်။အနံ့က သနပ်ခါးအနံ့လေးမို့ ချက်ချင်းလန်းဆန်းကာ စိတ်ကြည်သွားရသည်။ဘီးလေးနဲ့ခေါင်းကိုဖြီးကာ နောက်နားကို monkey ရုပ်ခေါင်းစည်းကွင်းလေးနဲ့ဖွဖွစီးလိုက်သည်။ မနက်စာပြင်ဖို့နဲ့ ထမင်းဟင်းချက်ဖို့ ပြီးတော့ ဧည့်ခန်းရှင်းဖို့ ပန်းပင်ရေလောင်းဖို့ ။

မီးဖိုခန်းမီးကိုဖွင့်ပြီး ထမင်းအိုးတည်လိုက်သည်။ပြီးတော့ မနေ့ကဝယ်ထားသည့် အသားကိုကြိတ်ပြီး ကြက်ဥတစ်လုံးဖောက်ထည့် အကြော်မှုန့်ဖျော်ပြီး ရောနယ်ကာ အလုံးလေးတွေဖြစ်အောင်လုပ်ပြီးကြော်လိုက်သည်။ဂျင်း၊ကြက်သွန်ဖြူနံ့လေးနဲ့ ခနနေတော့ အသားလုံးကြော်ကရသွားပြီ။မုန်ညှင်းဖြူကိုကြော်လိုက်တော့ ရပြီ။ အစားချေးမများတယ့် အတွက် ဘုန်းကိုကျေးဇူးတင်ရမည်။ ထမင်းအိုးလည်းမီးစိမ်းပြီ။ဘုရားဆွမ်းတော်ကပ်ဖို့ ဘုရားခန်းကိုသွားရသေးသည်။ရွှေရောင်တောက်နေတယ့် ဘုရားပလ္လင်နဲ့ ဘုရားကျောင်းဆောင်က ကျက်သရေရှိစွာ။ပန်းကတော့ သာတို့က အလုပ်မအားတယ့်သူတွေဆိုတော့ အစစ်နေ့တိုင်းလဲဖို့ရာအဆင်မပြေနိုင်တော့ ပန်းခြောက်သာထိုးရသည်။စနေ တနင်္ဂနွေ တော့ အစစ်ကပ်နိုင်ပါရဲ့။ ဆွမ်းလည်းကပ်ပြီးပြီ။

A mysterious love story (Completed)Where stories live. Discover now