42.အတင်းဖျင်းများ

684 37 0
                                    

သာ့မွေးနေ့ရောက်ဖို့ ၂ရက်အလို💕

ဟိုနေ့က သာအိမ်ပြန်နောက်ကျတာကိုဘုန်းသိသည်။

ပြီးတော့ သာ့မျက်နှာတွင် အရင်ကလုံးဝမတွေ့ခဲ့ဖူးသော  အရိပ်များကို ဘုန်းစရောက်ကထဲကမြင်နေရတာဖြစ်သည်။

ဘုန်းစရောက်ရောက်ချင်း မြင်လိုက်ရတယ့်နှင်းဆီတွေက နည်းနည်းနောနောမဟုတ်တာကြောင့်သူမရှိတုန်းသာနှောင့်ယှက်ခံထားရပြီဆိုတာကိုသိလိုက်သည်။ ဒါ့ကြောင့်ပဲ ရှိသမျှပန်းအားလုံးကို ဖြုတ်ကာ အမှိုက်ပုံးသို့ပစ်လိုက်ခြင်းပင်။

နောက် သူမနဲ့ လမ်းအတူတူလျှောက်ပြီးတာနဲ့ ဆေးရုံသို့ပြေးရသည်။ ဘုန်းရောက်တော့ မေမေက နွေးထွေးစွာကြိုဆိုသည်။ ဟိုလူကြီးကတော့ အနည်းငယ်သက်သာနေပြီဖြစ်သည်။  ခြေထောက်များအရင်လိုလူကောင်းတစ်ယောက်လိုလှုပ်ရှား၍မရတော့တာကလွဲ၍။ မေမေကတော့ ခုတလော ဆရာဝန်ညွှန်ကြားထားတယ့် လေ့ကျင့်ခန်းတွေပြန်လုပ်နေပြီဟုပြောလေသည်။

ဆေးရုံတွင်အကြာကြီးမနေဘဲ နောက်တော့ မင်းမောင်တို့ဆီသွားတွေ့လေသည်။ ဟိုကောင်တွေက သင်တန်းပြီး၍ အလုပ်ဝင်နေပြီဖြစ်သည်။ သူတို့အချစ်ငှက်တစ်တွဲကတော့ ဘာလုပ်လုပ်တူတူပင်ဖြစ်သည်။ ခုလည်း သူတို့ ၂ယောက် စပ်တူပင် serviceလုပ်ငန်းတစ်ခုထောင်ကာလုပ်နေကြသည်။ အေးလေ သူတို့က တချိန်ယူကြမယ့် လင်လင်တွေပဲ။

(သိတယ်ဟုတ် လင်မယားမဟုတ်တော့ လင်လင်ပေါ့လို့😘😘)

သူတို့ Serviceလုပ်ငန်းတွင်ပထမဆုံးအလုပ်အပ်သူက တခြားသူမဟုတ်သူပင်ဖြစ်သည်။

သြဇာကောင်းဆိုသောသူအကြောင်းစုံစမ်းချက်ပင်ဖြစ်သည်။

ထိုနေ့ကသူသိခဲ့ရတာတွေက သူ့ကို ရှော့ပင်ရစေသည်။

သြဇာကောင်းဆိုတာ မကြာသေးခင်သောနှစ်များမှAZKကိုစတင်ထူထောင်ခဲ့သူ သက်တမ်းက ၅နှစ်တောင်မရှိသေး။ ဒါပေမယ့် ခုချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းတော်တော်များများမှာ AZKနဲ့မကင်းနိုင်အောင်ပင်။

ဒါကပထမရှော့ရစေသောအချက်။

နောက် ဓာတ်ပုံအရ ထိုသြဇာကောင်းဆိုသူမှာ သာပြောပြနေသောသူမ၏ လုပ်ဖော်ကိုင်ဖက်သြရှဆိုသောကောင်ဖြစ်နေခြင်းပင်။ ထိုအချက်မှာလုံးဝမမှားနိုင်။ အဘယ်ကြောင့်ဆိုသော် တခုသောညနေခင်း ပလက်ဖောင်းပေါ်တွင် သာ့အားပွေ့ဖက်လျက်အနေထားနှင့်မြင်တွေ့ဖူးသောမျက်နှာမို့ပင်။ ထို့အပြင် သာတို့ YARZARနှင့်လည်း အဲ့ကောင်COMPANYမှာပရောဂျက်တစ်ခုတွဲလုပ်ထားဖူး၍ ထိုသံသယမှာမှန်ရတော့သည်။

A mysterious love story (Completed)Where stories live. Discover now