2.အဲ့ကောင်gayမဖြစ်နိုင်ဘူး

2.4K 113 0
                                    

🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤
  
                                    အပိုင်း(၂)

အဲ့ကောင်gayမဖြစ်နိုင်ဘူး

ခရီးကပြန်လာ၍ပင်ပန်းနေသောစိတ်တို့ကို ရေပန်းအောက်တွင် ဆေးကြော၍ shower gel ဖြင့် မွှေးပျံ့စေလိုက်သည်။ခုနက ပစ္စည်းတွေသူ့နေရာနှင့်သူ နေရာကျအောင်ပြန်ချထားရသေး၍ စို့နေသော ချွေးတို့ကို ရေစက်တို့က အုပ်လွှမ်းလိုက်သောခါ လန်းဆန်းခြင်းတို့က နေရာပြန်ယူသွားသည်။ အဝတ်ဗီရိုကရေချိုးခန်းနှင့် မှန်နံရံသာခြား၍ သာ့အတွက်ပို၍အဆင်​ေပြသည်ပင်။

"ဟူး  ဗိုက်ဆာလိုက်တာ ရေခဲသေတ္တာထဲမှာတစ်ခုခုတော့ရှိမှာပဲ"

သာ့အခန်းကနေထွက်လိုက်တော့ဘာပန်းမှန်းမသိသည့်ပန်းခြင်းကပ်နံရံဖြူဖြူကဆီးကြိုနေတာကိုတွေ့ရသည်။ဆန်းကြယ်တာ။ထပ်ကွေ့ရမယ်တူတယ်။တွေ့ပါပြီတစ်ခန်း။ဒါဘုန်းပြောတယ့်အတိုင်းဆိုဘုရားခန်းဖြစ်လိမ့်မယ် ။ထပ်ကွေ့လိုက်တော့ တစ်ခန်း ဒါစာဖတ်ခန်းနေမယ် ။

"ကလစ် !    woww မိုက်လိုက်တာ "

တကယ်ပါ အခန်းနံရံနဲ့ကပ်ပြီးစာအုပ်စင်လုပ်ထားတာမမိုက်ဘဲနေမလား ။ပြီးတော့ စင်အကြီးကြီးလိုမျိုးလည်းမဟုတ်ဘဲ Box သေးသေးလေးတွေလို designထွင်ပြီးထားထားတာ ၊နံရံကအဖြူ ၊boxလေးတွေကdesignမျိုးစုံအရောင်မျိုးစုံ၊အထဲမှာကစာအုပ်လေးတွေကို ထောင်ထားတာရော လှဲထားတာရော အမျိုးမျိုး၊အခန်းလယ်မှာ စားပွဲနက်တစ်လုံးနဲ့ ခုံနက် ၂လုံး။​စာကြည့်ခန်းကအိမ်ရဲ့အလယ်လောက်မှာကျမယ်ထင်တယ် ပြတင်းပေါက်တော့မရှိဘူး။ဒါမယ့် မီးချောင်းလေးကဖွင့်လိုက်ရင် ထင်းနေတော့ မဆိုး ။

"imm air conတပ်မှဖြစ်မယ်ဒီအခန်းကို မဟုတ်ရင် စာဖတ်ရင်းပူနေမှာ ဘုန်းပြန်လာမှပြောရမယ်"

ထပ်ကွေ့တော့ဘုန်းအခန်း။ကြည့်မနေတော့ဘူး။
ဟော ရောက်ပါပြီ ထမင်းစားခန်း။မီးဖိုချောင်ဝင်ရဖို့အရေးကွေ့လိုက်ရတယ့်အကွေ့တွေ ။ဒါတောင်တစ်ထပ်တိုက်ပဲမလို့ မဟုတ်ရင်ဘယ်လိုများနေမလဲမသိဘူး။ကြံကြံဖန်ဖန် Designထွင်တတ်ပါ့။

"မှန်းစမ်းဘာရှိမလဲ ခေါက်ဆွဲခြောက်ထုပ်ရှိပါစေ"

ရေခဲသေတ္တာကိုဖွင့်လိုက်တော့ ပေါင်မုန့်ချပ်ထုပ်ရယ်၊အသီးတွေရယ်၊ရေပုလင်းရယ်၊ဟင်းသီးဟင်းရွက်နည်းနည်းရယ်တွေ့ရသည်။

A mysterious love story (Completed)Where stories live. Discover now