65.

1.7K 52 6
                                    

ဘုန်းနဲ့သာတို့ရဲ့ အကြင်လင်မယားအဖြစ်မှာ ၁လပြည့်မြောက်သွားပြီး သာတို့ မြန်မာပြည်ပြန်ဖို့ရာဖြစ်လာသည်။

သာတို့ရဲ့ပထမဆုံး မင်္ဂလာဦးညကိုမှတ်မိနေသေးသည်။ ထိုနေ့က ပုံမှန်ပေါ့ပေါ့ပါးပါးနေ့တစ်နေ့ပဲဖြစ်ပြီး အဲ့လိုဖြစ်သွားမယ်လို့ သာမျှော်မလင့်ထားမိခဲ့ပါ။ ဒါတွေအားလုံး alcoholကြောင့်လို့ပြောလို့ရသလား။

သာတို့အနမ်းတွေပြင်းထန်ခဲ့ကြသည်။နီရဲနေသော သူ့မျက်နှာကိုကိုင်ကာ သာသူ့အောက်ကနေ ခေါင်းညိတ်ပြခဲ့သည်။ ထို့​နောက် သာမတွေ့ကြုံဖူးသော အတွေ့နယ်ထဲသို့ သူ့ဦးဆောင်မှုနဲ့ ညင်ညင်သာသာပဲ ရောက်ရှိသွားခဲ့သည်။

တကယ်တမ်းဖြစ်ပြီးတော့လည်း လင်မယားဆိုတယ့်အသိနဲ့ သူ့အပေါ်အရင်ကလောက် မစိမ်းသက်တော့တာ သာဝန်ခံသည်။ မောင့်ကိုချစ်နေတုန်းပဲလို့ထင်ပေမယ့် ဘုန်းကိုလည်းသာ ဘယ်လိုပြောရမှန်းမသိလောက်အောင်ခံစားချက်တချို့ဖြစ်သည်။ ဥပမာ ညဘက်တွေအလုပ်မပြီးသေးတယ့်သူ့ကြောင့် အိပ်မပျော်တာမျိုးတွေ ၊ အေးလှသော ရာသီဥတုမှာ အခန်းအပူချိန်ဖွင့်ထားရင်တောင် သူဖက်အိပ်တယ့်နေ့မျိုးနဲ့ဘာမှမဆိုင်လောက်အောင်နွေးထွေးမှုတွေ။ သူ့ရဲ့ နွေးထွေးမှုတွေနဲ့သာနေသားကျနေပြီ။ သူ့ရဲ့စိတ်တချို့ကိုသာသိနေပြီလို့ထင်မိသည်။ အလုပ်တွေရှုပ်နေတယ့်သူ့ကို ကော်ဖီဖျော်တိုက်လို့ရှိရင် သူကျေနပ်တာတွေ၊ သူ့အတွက် အဝတ်စားထုတ်ပေးရင် သာ့ကို ရေချိုးခန်းက ထွက်လာလည်းနမ်းတတ်သည်။

"သာ စိတ်အေးအေးထားနော် "

မကြာခင်လေယာဥ်ဆိုက်တော့မှာမို့ အဆင်းပိုင်းကြောက်သည့်သာ့လက်ကိုသူကဖျစ်ညစ်ပေးရင်းပြောသည်။

သာပြန်ရောက်ပြီ။ သာမြန်မာပြည်ပြန်ရောက်ပြီ။

__________

"သား နဲ့သမီးနဲ့နေဖို့"
ဆိုပြီး ဘုန်းဖေဖေက တိုက်နဲ့ခြံလက်ဖွဲ့ပေးသည်။ ဘုန်းကတော့ လက်မခံချင်ပါ။ သာတို့အရင်နေခဲ့တယ့်အိမ်မှာပဲနေချင်နေသည်။ သို့ပေမယ့် လင်မယားအခန်းအတွက်ကျတော့ အရင်အိမ်ကအခန်းတွေကကျဥ်းပါသည်။

A mysterious love story (Completed)Where stories live. Discover now