37.သူ့ပိုင်နက်ထဲ (1)

1.1K 41 0
                                    

တစ်မနက်ခင်းလုံး အေးဆေးငြိမ်းချမ်းနေတယ့်သာ့အဖြစ်က tea timeအပြီးမှာစတာပဲ။
မြတ်ကသာ့ကိုဆရာခေါ်တယ်ဆိုလို့ သာဆရာ့ရုံးခန်းကိုသွားလိုက်တော့ အလုပ်ရှုပ်နေပုံရတယ့် ဆရာက

"သြော် သာယဥ်ကျေး ရောက်ပြီလား ဆရာ့ကိုတခုကူညီဦး ဒီမှာ ဒီစာရင်းတွေကို AZK Companyကိုပို့ပေးပါလား ဆရာဖုန်းနဲ့joinပြီးပြီ အားတော့နာပါတယ် တေဇကိုတခြားခိုင်းထားလို့ ပြီးတော့ ဒါက အရေးကြီးစာရင်းတွေမလို့မှားလို့မရတော့ အောက်ကလူတွေကိုမပို့ခိုင်းချင်ဘူးလေ "

ဆရာက ချည်ပြီးတုပ်ပြီးတခါထဲပြောကာ ဖိုင်တစ်ထပ်ကိုပါ သာ့ရှေ့ထိုးပေးလိုက်တာမို့သာ့မှာ မငြင်းသာနိုင်အောင်ပါပဲ။

"ဟုတ်ဆရာ သာပို့လိုက်ပါ့မယ် ဟို ဌာနဆီကိုလားဆရာ"

"ဘယ်ဌာနမှမဟုတ်ဘူးသာယဥ်ကျေးရေ လူတိုက်ရိုက် ရုံးခန်းကိုပို့ရမှာ အဲ့မှာ သူတို့သူဌေးမောင်သြဇာကောင်း  ရှိချင်ရှိလိမ့်မယ် မဟုတ်ရင်လည်းသူ့လက်ထောက်တစ်ယောက်ယောက်ရှိလိမ့်မယ် သူတို့လက်ထဲသေချာထည့်ရမှာ "

သြဇာကောင်း နာမည်ပြောတော့ အစက ဆရာ့ရဲ့သွက်နေတယ့်အသံဟာ ရုတ်ခြည်းတမျိုးပြောင်းသွားပြီး သာ့ကိုအကဲ ခတ်သလိုတစ်ချက်ကြည့်လိုက်တာသာသိတာပေါ့။ ဟုတ်သားပဲ သာမေ့နေလိုက်တာ သူဌေးလည်းဝိုင်းညာပေးတယ့်ထဲပါသားပဲ။မဟုတ်ရင် သြဇာကောင်းဆိုတယ့်သူတစ်ယောက်ကိုသြရှဆိုတယ့်သူအဖြစ်မိတ်ဆက်ပေးလိမ့်မည်မဟုတ်ပါ။ 

"ဟုတ် သာသွားလိုက်ပါ့မယ်ဆရာ"

တော်သေးတာက ပရောဂျက်မှာသာတို့အရွေးမခံလိုက်ရတာပဲ မဟုတ်ရင် သူဌေးတစ်ယောက်လုံးနဲ့တွဲလုပ်တာပဲ အရွေးခံရမှာပေါ့ဆိုတယ့်စကားသံတွေ တခြားသူတွေဆီကထွက်မလာဟု မပြောနိုင်ပေ။

ကားမောင်းနေရင်း ဘေးက ဖိုင်တွေကိုတချက်ကြည့်လိုက်ရင်း တချိန်ကသူနဲ့အတူ အလုပ်လုပ်ရင်းဖိုင်တွဲပြုတ်ကျလို့ကောက်ပေးတော့ လက်ချင်းထိမိတာလေးတွေကိုပြန်တွေးမိသည်။ ထိုစဥ်က ရင်ဖိုရသော်လည်းခုတော့ စိတ်ထဲ အမျိုးမည်မသိသောဝေဒနာက ကြီးစိုးလို့နေလေသည်။ပြည့်မှာမဟုတ်မှန်းကြိုတင်ခန့်မှန်းမိပေမယ့် ကျေးဇူးပြုပြီး သူ့ရုံးခန်းမှာ သူမရှိပါစေနဲ့လို့ ဆုတောင်းမိသည်။ မမြင်နိုင်တယ့် နှလုံးသား ထဲကလည်းသူ့ကိုတွေ့ရမှာကို ပျော်နေမိပြန်သည်။ နောက်ဆုံးတော့လည်းသာဟာ သာအရမ်းမုန်းသည့် ဇာတ်ကားတွေထဲက ကြိုက်လျက်နဲ့မူသည့် ချစ်လျက်နဲ့မူနေသည့် မိန်းမတွေနဲ့ဘာမှမခြားတော့ပါလား။ အမြဲတမ်း" ငါသာဆိုမူမနေဘူး ချစ်ရင်ချစ်တယ်ပေါ့ ၂ယောက်လုံးနာကျင်စရာတွေမလုပ်ပါဘူး"ဟုတွင်တွင်ပြောခဲ့ဖူးသည့် သာယဥ်ကျေးမှဟုတ်ပါလေစဟုတောင်ထင်ရအောင် သူ့အပေါ် စိတ်ရှိနေပေမယ့် အလွှာပါးလေးတစ်ခုကခြားထားကာ ခွင့်မလွှတ်ပေးချင်။ နောက်ဆုံးတော့ လက်တွေ့ဘဝမှာလက်တွေ့ဘဝကလိုပါပဲ။ ဇာတ်လမ်းတွေမှာက မင်းသား မင်းသမီး ၂ဦးလုံးရဲ့ခံစားချက်ကို သိနေတာမို့ဆိုပေမယ့် ခုသာ့မှာက သူ့စိတ်ကိုမယုံရဲသေး။အဆိုးဆုံးက သာ့ကိုဟန်ဆောင်လိမ်ညာပြီးချဥ်းကပ်ခဲ့ခြင်းကိုပိုမယုံကြည်နိုင်ဖြစ်ရသည်။

A mysterious love story (Completed)Where stories live. Discover now