31.ထပ်မလှည့်စားပါနဲ့တော့

775 51 0
                                    

သာ့ မွေးနေ့ရောက်ဖို့ တစ်ပါတ်အလို။

ဒီနေ့မနက် သာ့ဆီဖြူphဆက်လာသည်။ ကျောင်းတုန်းက သူငယ်ချင်းတွေ တွေ့ကြမည်မို့ လာမလားတယ့်။ အစကသာငြင်းမလို့ပင်။

"တို့ ၈တန်းက သူတွေတော်တော်များများပါမှာ နော် ပြီးတော့ ဟို မော်နီတာ ကျော်ခန့်လည်းပါမှာ အာ နင်မှတ်မိပါ့မလားပဲ ဒါမယ့် လာလိုက်တော့လည်းမဆိုးဘူးမလား ဘာပဲပြောပြော နင့်မှတ်ဉာဏ်ကို နည်းနည်းလောက်ဖြစ်ဖြစ်အထောက်ကူပြုမှာပေါ့"

"လာမလားသာ နင်လိုက်ချင်ရင် ငါသားသားကို ကျောင်းပို့ပြီးတာနဲ့ နင့်ဆီဝင်ခဲ့မယ်"

သာအစကမလိုက်ချင်ပေမယ့်လည်း Sundayလည်းဖြစ် ပြီးတော့ သြဇာကောင်းအကြောင်းနည်းနည်းပါးပါးသိရအောင် သဘောတူလိုက်သည်။

"အင်းဖြူ ငါလိုက်မယ် ဟဲ့ ဒီနေ့ Sundayကို သားသားက ကျောင်းရှိတယ်လား"

"အာ ဟိုကျောင်းကပိတ်ပေမယ့် သာရေ နင့်တူက ပန်းချီဆွဲချင်တာတယ့် ဒါနဲ့ ငါ့မှာ သူ့ကိုပန်းချီတန်းအပ်ထားရတယ် "

"ကောင်းပါတယ် ငါနောက်မှ ဖြူတို့အိမ်လာလည်ဦးမယ် သားသားလည်းဟိုတခေါက်ကဆို မတွေ့တာ ကြာပြီ သာလာဆော့မယ် နောက်မှ အဟီး"

"အေးပါ ဟောသားသားရေ ဒီမှာ သားသားရဲ့ မမလှလှက သားသားဆီလာလည်မယ်တယ့် အင်း သာရေ နင့်တူက ပုံပြိုင်ဆွဲမယ်တယ့်လုပ်ဦး ဟားဟား "

"အာ မမသာတို့တော့ ရှုံးတော့မယ်ထင်ပါတယ် ဟားဟား အေး ဖြူဒါဆို ငါပြင်ထားလိုက်မယ် ပြီးရင် လာခဲ့တော့ "

နောက် သာကိုသြရှဆီ ဒီနေ့မအားတယ့်အကြောင်း သွားစရာရှိကြောင်း​Messangeလှမ်းပို့လိုက်တယ်။

ရေမိုးချိုးပြီး အယဥ်ဆုံးဖြစ်အောင် ကျောက်စိမ်းရောင်မြန်မာဝတ်စုံလေးကိုဝတ်လိုက်တယ်။

ခနနေတော့ ဖြူ့ကားသံကြားတာနဲ့ ၂ယောက်သားထွက်လာခဲ့တော့တယ်။

♒️♒️♒️♒️♒️

သီးသန့်ခန်းထဲဝင်သွားလိုက်တော့ လူအယောက် ၂၀နီးပါးလောက်ကိုတွေ့လိုက်ရသည်။ လူများတာမို့ သာစိတ်ပျက်သွားပေမယ့်လည်း...။

A mysterious love story (Completed)Where stories live. Discover now