သက္ကရာဇ် အတန်းတက်ပီးတော့ ကန်တင်းဝင်ထိုင်လိုက်ကာ မှာထားတာကိုစောင့်နေတုန်း အလင်္ကာ ရောက်လာကာ သူထိုင်တဲ့ဝိုင်းလေးမှာဝင်ထိုင်လေတယ်
သက္ကရာဇ် ဘာလဲဆိုတဲ့အကြည့်နဲ့ကြည့်လိုက်တော့
"သက္ကရာဇ် မင်းကိုငါပြန်မချစ်လို့  သွေးနဲ့ ငါ့ကိုရန်တိုက်ချင်တာလား တောင်းပန်ပါတယ် အဟင့် ငါတကယ် သွေးကိုချစ်တာပါ သွေးလည်း ငါ့ကိုချစ်တယ်လေ ငါတို့ချစ်ခြင်းကိုမခွဲပါနဲ့လားဟင် အဟင့် "အလင်္ကာရဲ့  မျက်ရည်ချူပြကွက်လေးကြောင့် သူ့ ဝိုင်းကိုလူတွေကြည့်နေတာသိပေမယ့် သက္ကရာဇ်ကတော့ ဂရုမစိုက်
"အဟက် အလင်္ကာ မင်းကိုမင်း သိပ်အထင်ကြီးမနေနဲ့ 
ငါ့က သူငယ်ချင်း ရဲ့ အချစ်ကို လုယူရလာက်တဲ့အထိ အောက်တန်းမကျဘူး ပီးတော့ ငါက ငါ့သူငယ်ချင်းနဲ့ ငယ်ထဲကပေါင်းလာတာ မင်းကြောင့်သာမဟုတ်ရင် ဒီလိုဖြစ်နေမှာမဟုတ်ဘူး "သက္ကရာဇ် အလင်္ကာ မျက်ရည်ချူပြတာကိုဆက်ကြည့်ချင်စိတ်မရှိတာမို့  ပိုက်ဆံရှင်းကာ ထထွက်လာတော့တယ်
အလင်္ကာ လူအများကြည့်နေတာကြောင့် ဒေါသကို မြိုသိပ်ကာ လူရှင်းတဲ့နေရာရောက်မှ
"တောက်စ် ဒီကောင် အစက ငါ့ကို အသေလိုက်ကပ်နေပီး ခုမှဘာစောက်ချိုးချိုးတာလဲ ငါ့ကိုတမင်အရှက်ခွဲတာ ကြည့်နေလိုက် အလင်္ကာမောင်တဲ့ မင်းတို့သူငယ်ချင်းတွေ ပြန်မတည့်စေရဘူး ဟင်းဟင်း "သက္ကရာဇ် တစ်ယောက် အလင်္ကာ ကျေးဇူးဖြင့် ကန်တင်းမှာ စားမဝင်ခဲ့တာကြောင့် ဗိုက်တော်တော်ဆာနေပီဖြစ်တယ် သို့သော် အတန်းချိန်မပီးသေးတာကြောင့် ဆက်ထိုင်နေရတယ် ခေါင်းတွေမူး လူလည်း အားမရှိတော့သလို ဖြစ်လာတယ်
"ဒီနေ့ တော့ ဒီလောက်ပဲကွယ် "
ဆရာမထွက်သွားတော့မှ သက္ကရာဇ်လည်း အားတင်းပီး အတန်းပြင်ထွက်လာပေမယ့် တစ်ကိုယ်လုံးအားမရှိစွာ လှဲကျသွားလေတယ်"ဟဲ့ လုပ်ကြပါအုံး ဒီမှာ မေ့လဲသွားလို့  "
မင်းစစ်ခ ဆရာမအခေါ်ရှိတာကြောင့် ဒုတိယနှစ်ဘက်ရောက်လာရင်း လူတွေရှုပ်နေတာကြောင့်
"ဘာတွေဖြစ်နေတာလဲ "
" စီနီယာ သက္ကရာဇ် မူးလှဲလို့ လေ "
YOU ARE READING
Meeting Ultimate Gods System(completed)
Romanceဒါလေးကတော့ ပုကြုတို့ရဲ့  ဖူးစားရေးနတ်ဘုရားလေး နဲ့  သူ့ ရဲ့  လောင်ကုန်း ဖြစ်လာမဲ့  သူလေးရဲ့  အကြောင်းလေးပေါ့နော် အားပေးမယ်ဟုတ်