Arc(4.6)

6.7K 756 10
                                    

မင်းသားနှစ်ပါးရဲ့ တိုက်ခိုက်မှုဟာ  ခနအကြာမှာတော့  ပြီးဆုံးသွားခဲ့တယ်   စစ်ပွဲတို့ရဲ့ အရှင်လို့ ကျော်ကြားတဲ့ စစ်ဝမ်  တစ်နည်းအားဖြင့်  မင်းသား ကုဟန်စစ်   ကအနိုင်ရလေတယ်  လူတကာ  က အားပေးထောပနာပြုနေချိန်တွင်  တစ်စုံတစ်ယောက်ကတော့  ထိုင်ခုံလက်တန်းပေါ်  ထိုင်ကာ   ငိုက်ကောင်းနေလေရဲ့    ဟန်စစ်   ပွဲပြီးတော့  တစ်စုံတစ်ယောက်ကို ကြည့်မိတော့   နူတ်ခမ်းထောင့်လေး  မသိမသာတွန့်ကွေးသွားပြီး စိတ်ထဲကနေ  ထွက်လာတဲ့ နာမည်ပြောင်လေးက

"ကြောင်ပျင်းလေး"

မင်းသားတွေတိုက်ခိုက်လို့ပြီးသွားတော့ ပန်းပွဲတော်ရဲ့ အဓိက အပိုင်းဖြစ်တဲ့ ကောတွေရဲ့ အရည်းအချင်း ပြပွဲပင်  တက်ရောက်လာတဲ့အိမ်တော်အသီးသီးက  ကောအချောအလှများက  လက်စွမ်းပြကြလေတယ်    ဒီလိုနဲ့  ဒီကမ္ဘာရဲ့   သားတော် ဇာတ်လိုက်မအလှည့် ရောက်လာလေတယ်   

မင်ချူး  မင်းသားတွေရဲ့ တိုက်ခိုက်မှုကို ကြည့်ပြီး  ဟန်စစ်ကို  ပိုသဘောကျမိသည်  ဒါကြောင့် ဟန်စစ်ရဲ့ စိတ်ဝင်စားခြင်း ခံရဖို့   သူမကြိုတင်လေ့ကျင့်ထားတဲ့  'စစ်မြေပြင်သို့ အလွမ်းစာချီ'  ဆိုတဲ့ သီးချင်းကို  ကုချင်းနဲ့ တီးခတ်ပြဖို့  ပြင်လေတယ်  ဒါပေမယ့်  အနုပညာဘက်ကို စိတ်မဝင်စားတဲ့  မျိုးမစစ် ကျန်းချူးကို အရှက်ခွဲချင်တာကြောင့် 
စစ်ပေါ်ရောက်သည်နဲ့ 

"အရှင်မင်းကြီးနဲ့ မိဖုရားကို ဂါရဝပြုပါတယ်  အရှင်မင်းကြီး  ကျွန်တော်မျိုး   ညီတော် လင်းကျန်းချူးကို  ကျွန်တော်မျိုးနဲ့ အတူ ဖျော်ဖြေခွင့်ပြုပါ "

"ကောင်းပြီ"

ဘုရင်ခွင့်ပြုချက်ရတော့  ဇာတ်လိုက်မ  ဝမ်းသာသွားတော့တယ်  ကျန်းချူး  ပျင်းနေတာ ဇာတ်လိုက်မ ကခုလို လုပ်မယ်မထင်ထားပေမယ့် တစ်နည်းနည်းတော့ဒက္ခပေးမှာ သိနေခဲ့တာပင်

'ဟက်  ရှန်မင်ချူး မင်း စိန်ခေါ်တဲ့သူ မှားသွားပြီ '

ကျန်းချူး စင်ပေါ်ကို ဖြေးညှင်းစွာ တစ်လှမ်းချင်း တက်လိုက်ပြီး  စားပွဲတစ်လုံးပေါ် ခင်းကျင်းထားတဲ့ တူရိယာ ပသ္စည်းတွေထဲက   တံတောင်းခန့်ရှည်လျားပြီး  ကျောက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ ပုလွေကို ရွေးချယ်လိုက်တယ် 

Meeting   Ultimate  Gods  System(completed)Where stories live. Discover now