Arc(8.2)

5.3K 618 0
                                    

ဝမ်ဂွန်း  နိုးလာချိန်တွင် ကြမ်းခင်းပေါ်တွင် ထိုင်ငိုက်နေတဲ့ ဂျာမြောင်ကို တွေ့ လိုက်ရလေတယ်။ ဝမ်ဂွန်း ဒီနေ့တွင် ဂျာမြောင်ကို အရင်ကထက် ထူးခြားနေသလို ခံစားရတယ်။ အရင်လို သူ့ကို ကြောက်လန့်နေတတ်တဲ့ မျက်လုံးတွေအစား တည်ငြိမ်တဲ့မျက်လုံးတွေက အစားယူနေလေတယ်။  ဝမ်ဂွန်း  ဂျာမြောင်ကို စူးစိုက်ကြညိ့ကာ တွေးမိလေတယ်။

*ဘယ်ပုံစံက မင်းရဲ့  ပုံစံအမှန် ဖြစ်မလဲ စောင့်ကြည့်တာပေါ့* 

"အရှင်   ညစာ ပွဲတော်တည်ဖို့ အချိန်ရောက်ပါပြီ"

အထိန်းတော်ကြီးအသံကြောင့် ငိုက်နေတဲ့ ဂျာမြောင်ပင် ဆက်ကနဲ့ လန့်ကာ နိုးသွားရလေတယ်။ ဂျာမြောင်  အိပ်ချင်လွန်းနေတဲ့ သူ့မျက်လုံးတွေကို လက်နှစ်ဖက်နဲ့ ပွတ်သပ်လိုက်ပြီး အပျင်းကြောဆန့်လိုက်လေတယ်။ သူ့ ပုံစံကြောင့် အကြီးအကျယ်  အံ့သြနေကြတဲ့ ဘုရင်နဲ့  အထိန်းတော် ရှိနေလေတယ်။    ဝမ်ဂွန်း အံ့သြမင်သက်ရသည်မှာ   လှပစွာ  ဝတ်ရုံထဲကနေ ထိုးထွက်လာတဲ့ လက်ဖြူဖြူတွေနဲ့   ဖြူစင်လွန်းတဲ့ မျက်နှာပုံစံကြောင့်ပင်။ မသိလျှင် လွန်ခဲ့သော နှစ်တွေက  ပုန်ကန်မှုတွေ ပါဝင်ခဲ့သည်ဟုပင် မထင်ရ။  အထိန်းတော်ကြီးကတော့  ဘုရင်တစ်ယောက်လုံးကို ငုပ်တုတ်မေ့ကာ အပျင်းကြောဆန့်နေတဲ့  အကြံပေးသခင်လေး လီကြောင့်ပင်။

"အဟမ်း ဟမ်း "

အထိန်းတော်ကြီး လုပ်ချောင်းဆိုးလိုက်တော့မှ ဂျာမြောင် သူရောက်နေတဲ့နေရာကို သတိထားမိသွားလေတယ်။
ဝမ်ဂွန်း  ဂျာမြောင်ကို ဂရုမစိုက်တော့ပဲ ပွဲနော်သာ တည်လေတော့တယ်။  ဂျာမြောင်မှာ  ကိုယ်ချင်းစာစိတ်မရှိ တစ်ယောက်တည်း မြို စို့ နေသော ဝမ်ဂွန်းကို  ပါးစပ်လေး လှုပ်စိလှုပ်စိနဲ့   မကြားအောင် ပြစ်တင် ပြောဆိုလေတော့တယ်။

ဝမ်ဂွန်း သိနေသော်လည်း ဂရုမစိုက်ပေ။ ဘာကြောငိ့မှန်းမသိ သူ့ဘဝကြီး ပျင်းစရာမကောင်းတော့ဘူးဟု ထင်နေမိတယ်။ ဂျာမြောင်ရဲ့   ပြောင်းလဲသွားတဲ့ပုံစံက  သူ့ကိုအပျင်းပြေစေ၏။ 

ညနေမိုးချုပ်စတွင်  ဂျာမြောင် ပြန်ခွင့်ရလေတယ်။ တစ်နေလုံး ဒူးထောက်ကာထိုင်ခဲ့ရတာကြောင့်  ခြေပင် ကောင်းကောင်းမရပ်နိုင်သလို။ အစာမစားထားရတာကြောင့်  ဒူးတွေပင် ပျော့နေလေတယ်။ထို့ ကြောင့် တရားခံ ဖြစ်တဲ့ ဝမ်ဂွန်းကို အားရပါးရ ကြိမ်ဆဲကာ  အိမ်တော် ရောက်တော့ ရေချိုးသန့်စင် ကာ ညစာစားလိုက်ပြီး  အိပ်စက်လိုက်လေတော့တယ်။

Meeting   Ultimate  Gods  System(completed)Where stories live. Discover now