လင်းချန်နဲ့  အဖွဲ့ သားတွေဟာ အငြင်းပွားနေကြတယ်
zombieကို စခန်းကိုခေါ်သွားမယ်ဆိုတာကြောင့် ကျန်အဖွဲ့ သားတွေကလက်မခံချင်ကြ"ကောင်းပီ မင်းတို့ စိတ်ပူတာ ငါသိတယ် ဒါပေမယ့် သူက ငါတို့အတွက် မျှော်လင့်ချက် ဖြစ်မလားနိုင်ဘူးမပြောနိုင်ဘူး ပီးတော့ သူမင်းတို့ ဒီမှာနေတဲ့  တစ်ညလုံး ဒုက္ခမပေးဘူးလေ "
"ဒါပေမယ့် ခေါင်းဆောင် သူကzombieဖြစ်နေတယ်လေ အမှန်ဆို သတ်မပစ်သေးတာတောင် သူ့အတွက်ကံကောင်နေပါပီ "
မုကျန်း စကားကြောင့် လင်းချန်ရော ချူးဝေပါ သဘောမကျ ကျန်တဲ့သူတွေကတော့ထောက်ခံကြလေတယ်
ချူးဝေ က" မုကျန်း သူကမင်းသူငယ်ချင်းနော် မင်းပြောတယ်မလား သူက မင်းကိုကာကွယ်ပေးရင်း zombieကြားထဲကျန်ခဲ့ရတာဆို မင်းမှာ အားနာစိတ်လေးမရှိဘူးလား သူမှာသာ အသိစိတ်မရှိရင် ဒီကို ရောက်လာထဲက ငါတို့ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ သေမှာပဲလေ "
ချူးဝေစကားကြောင့် မုကျန်းက " အဲ့လိုမဟုတ် ဟင့်
ကျွန်တော်က အားလုံးထိခိုက်မှာစိုးလို့ပါ ရိဟောင်လည်းတားလည်မှာပါ ဒါကြောင့် သူမှာအသိစိတ်ရှိသေးတာတောင် အနားလာမကပ်ဘူးလေ"လင်းချန် တစ်ယောက်တစ်ပေါက် စကားတွေက်ုနားထောင်ရင်း ရိဟောင်ကြည့်တဲ့ဘက်ကို လှည့်ကြည့်လိုက်တယ်
တစ်ခုခုကို အာရုံစိုက်ရေးနေတာကြောင့်အနားသွားလိုက်တော့ တစ်ချက်မော့ကြည့်ကာ ပြန်ငုံ့ သွားပီး လက်ထဲကစာရွက်ကို သူဆီပေးလာတယ်အားလုံးလည်း အနားရောက်လာကာ စာရွက်ကို ဖတ်ကြည့်ကြလေတယ်
"ဒီကို တခြားzombieတွေ ရောက်လာတာ့မှာ မြန်မြန်သွားကြတော့ ငါ့ကို လည်း ခေါ်သွားပေးပါလား ငါလည်းကြောက်တယ်လေ"
စာဖတ်ပီး ရိဟောင်ဆီ မျက်လုံးများစွာရောက်လာတယ်
နောက်ဆုံး ရိဟောင်ကိုပါ ခေါ်သွားဖို့ဆုံးဖြတ်ကာ
ထွက်ခွာကြလေတယ် မုကျန်း ရိဟောင်ကို မကျေနပ်*ရိဟောင် မင်းဟာလေ zombie ဖြစ်တာတောင် လူတွေရဲ့ အာရုံစိုက်မှုကို ရနေတုန်းပဲ *
VOUS LISEZ
Meeting Ultimate Gods System(completed)
Roman d'amourဒါလေးကတော့ ပုကြုတို့ရဲ့  ဖူးစားရေးနတ်ဘုရားလေး နဲ့  သူ့ ရဲ့  လောင်ကုန်း ဖြစ်လာမဲ့  သူလေးရဲ့  အကြောင်းလေးပေါ့နော် အားပေးမယ်ဟုတ်