Arc(9.9)

4.6K 501 0
                                    

Zane တို့ အားလုံး Cနိုင်ငံကနေ Aနိုင်ငံကို ပြန်လာခဲ့ကြတယ်။Jaxနဲ့  Amie က  ဌာနချုပ်ကို ပြန်သွားကြပေမယ့် Zane ကို Ethan ဆွဲထားတာကြောင့် မပြန်ရ။  Ethan  ခေါ်ရာ Zane ငြိမ်ငြိမ်လေး လိုက်လာခဲ့တယ်။

ကားဟာ အိမ်ရှေ့ တွင် ရပ်သွားကာ   Kက Ethan တွက်  တံခါးလာဖွင့်ပေးပြီး   Ethneက  Zane တွက် တံခါးဖွင့်ပေးကာ  ခေါင်းနဲ့မခိုက်မိအောင်  လက်နဲ့ကာထားပေးလေတယ်။ 

"ကိုကို လာ အိမ်ထဲ ဝင်ရအောင် "

Ethanက ဦးဆောင်ဟာ Zane ကို ခေါ်သွားပေးလေတယ်။ ခြံထဲ ဝင်လိုက်တာနဲ့ အေးချမ်းတဲ့ လေထုက ကြိုဆိုနေလေတယ်။ပန်းရောင်စုံတွေ စိုက်ပျိုးထားပြီး  စာဖတ်ဖို့  စားပွဲနဲ့  ထိုင်ခုံကိုပါ ချထားပေးတယ်။ အတော်လှတဲ့ ခြံကြီးပင်။

Zane ငေးနေတာကို ရပ်ကာ Ethanနောက်လေတယ်။  ဧည့်ခန်းထဲ ရောက်တော့ 

"သခင်လေး ပြန်လာပြီပေါ့   သခင်ကြီးနဲ့ သခင်မ ကို  အကြောင်းကြားလိုက်ပါမယ့်  ဧည့်သည်တွက် တစ်ခုခုဖျော်လာပေးပါ့မယ်"

"ကိုကို က ဧည့်သည်မဟုတ်ဘူး  နွားနို့ ပူပူလေးပဲ ယူလာလိုက်ပါ  "

အိမ်တော်ထိန်းက  သခင်ကြီးနဲ့ သခင်မ ကို   သွားပြောကာ   သခင်လေးခေါ်လာတဲ့ အစ်ကိုလေးတွင် နွားနို့  သွားယူလိုက်တယ်။ သခင်ကြီးနဲ့ သခင်မ မှာ  သူတို့သားငယ် တစ်စုံတစ်ယောက်ကို ခေါ်လာသည် ဆိုတာကြောင့် အံ့သြသွားရတယ်။  လှေကားပေါ်ကနေ  ဆင်းရင်း  သားငယ်တို့ကို အကဲခပ်မိလေတယ်။  တစ်ယောက်နဲ့ တစ်ယောက်  သဘောကျနေကြမှန်း  သူတို့သဘောပေါက်လိုက်တယ်။ ဆိုတော့ သားငယ်က သူတို့တွက် သမက်ရှာလာတာဖြစ်မည် ဟုတွေးထင်လိုက်ကြတယ်။

"သားငယ်  က ဒီတစ်ခေါက်တော့ အမေတို့ တွက် သမက်လောင်း ခေါ်လာပြီပေါ့"

"တွေ့ ရတာ ဝမ်းသာပါတယ်  Zane လို့ ခေါ်ပါတယ်  အန်ကယ်နဲ့  အန်တီ"

"ကိုကို  အဖေနဲ့ အမေလို့ ခေါ်ပြီး ပြန်နူတ်ဆက်လိုက်"

"ဟုတ်သားပဲ သားရယ် နောက်လည်း မိသားစု ဖြစ်လာတော့မှာကို " 

"အဖေနဲ့ အမေ  ကျွန်တော်  ရှာတွေ့ ပြီ "

Ethan ထိုသို့ ပြောရင်း  စားပွဲအလယ်ကို စာရွက်စာတန်းတစ်ချို့    တင်ပေးလိုက်တယ်။ ထိုစာရွက်ကို လင်မယားနှစ်ယောက် အသည်းအသန် ဖတ်လိုက်ပြီး  မယုံနိုင်လောက်အောင် ဝမ်းသာသွားရလေတယ်။ သခင်မကြီးဟာ  ချက်ချင်းပင် Zane ကို ဖက်ကာ  ငိုယိုလေတော့တယ်။

Meeting   Ultimate  Gods  System(completed)Where stories live. Discover now