Arc(8.5)

5.3K 624 18
                                    

မိုဟန်း မြို့ စားမင်းရဲ့ အိမ်တော် အပြင်ဘက်တွင် လူများ စုဝေး ရောက်ရှိနေကြကာ  သူတို့ အသက်သခင်ဖြစ်တဲ့ လီသခင်လေး အခြေအနေကို စောင့်မျှော်နေကြလေတယ်။
မိုဟန်း မြို့ စားမှာလည်း ခြေမကိုင် လက်မကိုင် နိုင် ဖြစ်နေလေတယ်။ ဒီသခင်လေးဟာ ဘုရင့် အရေးပေးသူဟု သမားတော်ကြီးတွေဆီက ကြားထားတာကြောင့် တကယ်လို့  ဒီသခင်လေးသာ သူ့အိမ်တွင်း သေဆုံးသွားသော်  ခေါင်းနဲ့ကိုယ် အိုးစားကွဲမည်မှာ  သေချာလေတယ်။

မိုဟန်းမြို့  အနီးက တောစပ်ဝယ်   ဝမ်ဂွန်နဲ့ ကိုယ်ရံတော်တွေဟာ အမည်မသိ လုပ်ကြံသူတွေနဲ့   တိုက်ခိုက်နေကြလေတယ်။ ပြင်းထန်လွန်းတဲ့ သွေးနံ့ တွေက လေထုထဲ ပျံ့နှံ့ လျက် ရှိလေတယ်။  နောက်ဆုံးတွေ ဝမ်ဂွန်နဲ့ ကိုယ်ရံတော် တစ်ယောက်သာ ဒဏ်ရာတွေနဲ့ အသက်ရှင်ကျန်ခဲ့လေတယ်။  ဝမ်ဂွန် ဒဏ်ရာတွေထက်  သူ့ဦးတည်ရာကိုသာ ကိုယ်ရံတော် တားနေသည့်ကြားမှ  ထွက်ခွာခဲ့လေတော့တယ်။ ကိုယ်ရံတော်မှာလည်း အမြန်ပင် မြင်းပေါ် တက်ကာ အနောက်က အမြန်လိုက်ရလေတော့တယ်။

မြို့ စားမင်းအိမ်ရှေ့ က လူတွေဟာ မြင်းနဲ့ လာတဲ့ တစ်ကိုယ်လုံး သွေးစွန်းနေတဲ့ လူရဲ့ အရှိန်အဝါကြောင့် ကြောက်လန့်ကာ  အလိုလို လမ်းဖယ်ပေးမိကြတယ်။ ဝမ်ဂွန် ဒါတွေကိုဂရုမစိုက် အိမ်တော်ထဲ ပြေးဝင်လိုက်တယ်။

မြို့ စားမင်းမှာ ရှင်ဘုရင်ကို တွေ့ လိုက်ရတာကြောင့် မြေကြီးနဲ့ ထိမတက် အရိုအသေပေးကာ  အလိုက်သိစွာ  လီသခင်လေးရှိရာကို ပြကာ အခြေအနေကို တင်ပြလေတယ်။ အတောင်တော်တွင်း ဝင်ဖို့ လုပ်နေတဲ့  ရှင်ဘုရင်ကြောင့် မြို့ စားမင်းမှာ  တားမြစ်ရပြန်လေတယ်။ ဝမ်ဂွန် သူ့ကို တားနေတဲ့ မြို့ စားမင်းကြောင့် စိတ်တိုကာ လက်ဆွဲတော် ဓားကို ဆွဲထုတ်ကာ လည်ပင်းပေါ် ဓားတင်လိုက်ပြီး

"မောင်မင်း  အသက်မရှင် ချင်တော့ဘူးလား  ကိုယ်တော်ကို တားမြစ်ရဲတယ်ပေါ့"

မြို့ စားမင်ဟာ ဖြောင့်မတ်တည်ကြည်သူ ဖြစ်တဲ့အတွက်အသက်သေရင်တောင်  တားမြစ်အုံးမည်ဖြစ်တယ်။ သို့သော် ရှင်ဘုရင် ကတော့  ဇွတ်တရွတ် တိုးဝင်သွားခဲ့လေတယ်။

Meeting   Ultimate  Gods  System(completed)Where stories live. Discover now